ကိုဗစ်-၁၉ ရောဂါ အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

တောင်ကြီး  ၂၉ ဧပြီ  

 

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀)ကို ယနေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းတစ်ခု ပါဝင်နေသော ကြောင့် Wifiစနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များအားလုံးသည် တစ်ပတ်တစ်ခါ ညှိနှိုင်းဆွေးနွေးရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲသည် ပထမအကြိမ်ဖြစ်၍ အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆွေးနွေးပေးကြရန် ပြောကြားသည်။

 

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ ဆွေးနွေးတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အသိပညာပေးလုပ်ငန်းများတွင် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားပေါင်းစုံရှိသောကြောင့် စာဖြင့်သော် လည်းကောင်း၊ အသံဖြင့်သော်လည်းကောင်း ဆောင်ရွက်ပေးကြရန်နှင့် ကော်မတီ၏ လိုအပ်ချက်များဖြစ်သော Hand Speaker များကို ကော်မတီမှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များရှိပါက ဗဟိုကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)