ကိုဗစ်-၁၉ နဲ့ အသက်သေဆုံးမှုကိုဖြစ်စေတဲ့ တခြားကူးစက်ရောဂါများအကြောင်း တစေ့တစောင်း

ထွန်းသစ်စ

 

ကိုဗစ်-၁၉ ကြောင့် လက်ရှိမှာတော့ သေဆုံးသူတစ်သန်း ကျော်လာခဲ့ပြီး တခြား ခေတ်ပေါ်ဗိုင်းရပ်စ်တွေထက် သေဆုံးမှုနှုန်းများတဲ့ ကြောက်စရာ ဗိုင်းရပ်စ်တစ်ခုအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သော်လည်း လွန်ခဲ့တဲ့ ရာစုတစ်ခုကဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးကြောင့်သေဆုံးခဲ့တဲ့ အရေအတွက်ကိုတော့ မမီသေးပါဘူး။


ကိုဗစ်- ၁၉ သေဆုံးနှုန်းကို ကောက်ယူခဲ့တဲ့ အေအက်ဖ်ပီရဲ့ စာရင်းတွေက ယာယီအခိုက်အတန့်မျှသာ ဖြစ်သော်လည်း အဲဒီစာရင်းတွေက လက်ရှိ ကိုဗစ်-၁၉ နဲ့ အတိတ်နဲ့ လက်ရှိမှာဖြစ်ပေါ်နေတဲ့ အခြား ဗိုင်းရပ်စ်တွေရဲ့ ထူးခြားချက်တွေကို နှိုင်းယှဉ်စရာအကိုးအကားတစ်ခုအဖြစ် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။


၂၁ ရာစု ဗိုင်းရပ်စ်များ

SARS-CoV-2 ဗိုင်းရပ်စ်ဟာ ကိုဗစ်-၁၉ ကူးစက်မှုအတွက် အဓိကဗိုင်းရပ်စ်ဖြစ်ပြီး ၂၁ ရာစုဗိုင်းရပ်စ်တွေအနက် သေဆုံးမှုအများဆုံး ဗိုင်းရပ်စ်ဖြစ်ပါတယ်။

 

၂၀၀၉ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ H1N1 ဗိုင်းရပ်စ် သို့မဟုတ် ဝက်တုပ်ကွေးဟာ ကမ္ဘာ့အနှံ့ဖြစ်ပွားခဲ့ပြီး တရားဝင်စာရင်း ဇယားဖော်ပြချက်တွေအရ လူဦးရေ ၁၈၅၀၀ သေဆုံးခဲ့ပါတယ်။


နောက်ပိုင်းမှာတော့ ဆေးပညာဂျာနယ်တစ်ခုဖြစ်တဲ့ လန်းဆက်မှာ အဲဒီပမာဏထက်တိုးပြီး ၁၅၁၇၀၀ နဲ့ ၅၇၅၄၀၀ ကြားဆိုပြီး ပြင်ဆင်ဖော်ပြခဲ့ပါတယ်။


၂၀၀၂-၂၀၀၃ မှာ တရုတ်နိုင်ငံကဖြစ်ပွားလာတဲ့ ဆားစ် ဗိုင်းရပ်စ် (ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ) ဟာ ကြောက်ရွံ့မှုကိုဖြစ်စေတဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကို ဖြစ်စေမယ့် ဗိုင်းရပ်စ်တစ်မျိုးပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဆားဗိုင်းရပ်စ်ကြောင့် နောက်ဆုံးမှာ သေဆုံးသူဦးရေဟာ ၇၇၄ ဦးပဲရှိခဲ့ပါတယ်။


တုပ်ကွေးကူးစက်ရောဂါ
ကိုဗစ်-၁၉ သေဆုံးနှုန်းဟာ တစ်ခါတစ်ရံမှာ လူသေဆုံးမှုကို ဖြစ်ပေါ်စေနိုင်တဲ့ ရာသီတုပ်ကွေးနဲ့ နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ရာသီတုပ်ကွေးဟာ ပြောပလောက်အောင် ဦးစားပေးဖော်ပြရမယ့်ဟာမျိုး မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရာသီတုပ်ကွေးကြောင့် သေဆုံးသူပေါင်းဟာ ၆၅၀၀၀၀ ရှိခဲ့တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) အရ သိရပါတယ်။


၂၀ ရာစုမှာတော့ အဓိကရာသီတုပ်ကွေးမဟုတ်တဲ့ ကမ္ဘာအနှံ့ဖြစ်ပွားခဲ့တဲ့ ရောဂါဆိုးကြီးနှစ်ခု ဖြစ်ပေါ် ခဲ့ပါတယ်။ သူတို့ကတော့ အာရှတုပ်ကွေး (၁၉၅၇-၁၉၅၈)ခုနှစ်နဲ့ ဟောင်ကောင်တုပ်ကွေး (၁၉၆၈-၁၉၇၀)ခုနှစ်တို့ ဖြစ်ပါတယ်။ အဲဒီရောဂါဆိုးကြီး တစ်ခုချင်းစီကြောင့် လူတစ်သန်းနီးပါးစီ သေဆုံးခဲ့ပါတယ်။

 

အဲဒီကမ္ဘာအနှံ့ဖြစ်ပွားခဲ့တဲ့ ရောဂါဆိုးကြီးနှစ်ခုစလုံးဟာ အခြေအနေအကြောင်းအရာမတူညီတဲ့ ကိုဗစ်-၁၉ ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကမ္ဘာလုံးဖြစ်စဉ်ကြီး ပြင်းထန်လာပြီး စီးပွားရေးဖလှယ်မှုနဲ့ ခရီးသွားလာမှုတွေ အားကောင်း လာဆဲမှာ ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံ့ခဲ့ပါတယ်။


ယနေ့အချိန်အထိ ခေတ်ပေါ်ကူးစက်ရောဂါတွေအနက် ကြောက်စရာအကောင်းဆုံးနဲ့အကြီးမားဆုံး ကပ်ရောဂါတစ်ခု ကတော့ ၁၉၁၈-၁၉၁၉ မှာဖြစ်ပွားခဲ့တဲ့ တုပ်ကွေးရောဂါဖြစ်ပြီး သူ့ကို စပိန်တုပ်ကွေးလို့ခေါ်ကြပါတယ်။ စပိန် တုပ်ကွေးကြောင့် လူပေါင်းသန်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း လူသိန်းဂဏန်းကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။


စပိန်တုပ်ကွေးဟာ ဝက်တုပ်ကွေးပိုး (H1N1) တစ်မျိုး ဖြစ်ပြီး ၂၀ ရာစုအတွင်းလူအသေအပျောက် အများဆုံးဖြစ်စေ ခဲ့တဲ့ ကပ်ရောဂါဖြစ်ခဲ့ပါတယ်။ အဲဒီရောဂါဟာ အမေရိကန် ပြည်ထောင်စုမှာ အစပြုခဲ့တယ်လို့ ခန့်မှန်းရသော်လည်း အတိအကျမသိရပါ။ ၁၉၁၈ ခုနှစ်အစောပိုင်းမှာ အမေရိကန် အနောက်အလယ်ပိုင်း၊ ကန်ဆက်စ်ဒေသရှိ စစ်တန်းလျားများမှာ ဖြစ်ပွားမှုကို အစောဆုံးတွေ့ရှိခဲ့ပါတယ်။ နောက်လ အနည်းငယ်အတွင်း ရောဂါပိုးဟာ ဥရောပရှိ စစ်မြေပြင်များနဲ့ ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံ့သွားခဲ့ပါတယ်။ ဇွန်လမှာ ကူးစက်မှု ပထမလှိုင်းဟာ ရန်ကုန်သို့ပင် ရောက်ရှိခဲ့ပါတယ်။


ကူးစက်မှု ဒုတိယလှိုင်းဟာ ၁၉၁၈ ခုနှစ်နှောင်းပိုင်းတွင် စတင်ခဲ့ပြီး ပထမလှိုင်းထက်ပင် အသေအပျောက် များစေခဲ့ ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကပ်ရောဂါဒဏ်ကိုအလူးအလဲခံခဲ့ရပါတယ်။ အဲဒီတုပ်ကွေးကြောင့် သေဆုံးသူသန်း ၂၀ ရှိတယ် လို့ ခန့်မှန်းခဲ့ပါတယ်။ အဲဒီခေတ်ကာလက မြန်မာနိုင်ငံရှိ လူဦးရေ ၁၂ သန်းရဲ့ ၂-၃ ရာခိုင်နှုန်းခန့် သို့မဟုတ် လူလေးသိန်းခန့် အသက်ဆုံးရှုံးခဲ့တယ်လို့ ပညာရှင်တွေရဲ့ နောက်ဆုံးခန့်မှန်းချက်အရ သိရပါတယ်။

 

အပူပိုင်းဗိုင်းရပ်စ်များ

ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် သေဆုံးတဲ့နှုန်းဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်စေတဲ့ သွေးလွန်အဖျားရောဂါ အီဘိုလာ ကြောင့် သေဆုံးတဲ့နှုန်းထက် အများကြီးမြင့်နေပါတယ်။ အီဘိုလာကို ပထမဆုံး ၁၉၇၆ ခုနှစ်မှာစတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်း ၂၀၁၈-၂၀၂၀ မှာတစ်ကျော့ပြန် ပြန်လည်တွေ့ရှိခဲ့တဲ့ အီဘိုလာကြောင့် လူပေါင်း ၂၃၀၀ သေဆုံးခဲ့ပါ တယ်။


ဆယ်စုနှစ်လေးစုအတွင်း အခါအားလျော်စွာ ပေါ်ပေါက်လာတဲ့ အီဘိုလာဖြစ်ပွားမှုကြောင့် လူပေါင်း ၁၅၀၀၀ သေဆုံး ခဲ့ပါတယ်။ သေဆုံးသူအားလုံးမှာ အာဖရိကက ဖြစ်ပါတယ်။


အီဘိုလာဟာ ကိုဗစ်-၁၉ ထက် သေဆုံးနိုင်ခြေပိုမို မြင့်မားပါတယ်။ အီဘိုလာကူးစက်ခံရသူ ၅၀ ရာခိုင်နှုန်း နီးပါး အဲဒီရောဂါကြောင့်ပဲ သေဆုံးခဲ့ပါတယ်။ သို့သော်လည်း အီဘိုလာဟာ တခြားဗိုင်းရပ်စ်ဆိုင်ရာ ရောဂါတွေထက် တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်ခြေနည်းပါတယ်။ အီဘိုလာဟာ လေမှတစ်ဆင့်ကူးစက်နိုင်ခြင်းမရှိဘဲ တိုက်ရိုက် သို့မဟုတ် နီးကပ်စွာထိတွေ့မှသာ ကူးစက်နိုင်ပါတယ်။


သွေးလွန်တုပ်ကွေးရောဂါဟာ သေဆုံးမှုကိုဖြစ်စေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်သော်လည်း သေဆုံးမှုနှုန်း နည်းပါး ပါတယ်။ ဒီတုပ်ကွေးဆန်တဲ့ရောဂါဟာ ရောဂါကူးစက်ခံထားရတဲ့ ခြင်ကိုက်ခံရမှသာ ကူးစက်ပျံ့နှံ့နိုင်တာဖြစ်ပြီး ဆယ်စုနှစ်နှစ်စုလောက် စိုးရိမ်ရေမှတ်ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း တစ်နှစ်မှာ သေဆုံးသူဟာ ထောင်ဂဏန်း တောင်မပြည့်ပါဘူး။

 

တခြားကူးစက်ရောဂါများ

အေအိုင်ဒီအက်စ်ဟာ ခေတ်ပေါ်ကူးစက်ရောဂါ တစ်မျိုးဖြစ်ပြီး သူ့ကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ လူပေါင်း ၃၃ သန်းလောက်သေဆုံးခဲ့ပါတယ်။ ၎င်းဟာ ခုခံအားကို ကျဆင်းစေပါတယ်။


အေအိုင်ဒီအက်စ်ကို ၁၉၈၁ ခုနှစ်မှာစတင်တွေ့ရှိခဲ့ပြီးတော့ ထိရောက်တဲ့ ကာကွယ်ဆေးမရှိသေးပါဘူး။
သို့သော်လည်း ဗီဇပြောင်းလဲမှုဖြစ်စေတဲ့ ဗိုင်းရပ်စ်ဆေးတစ်မျိုးဖြင့် အေအိုင်ဒီအက်စ်ရောဂါကို ထိရောက်စွာ ဟန့်တားနိုင်ကြောင်းသိရပြီး ၎င်းကို မှန်မှန်သောက်သုံးပါက နေမကောင်းမှုကို တားဆီးပေးပြီး အညစ်အကြေး အဆိပ်အတောက်များကို လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။ အေအိုင်ဒီအက်စ်ရောဂါကြောင့်၂၀၀၄ ခုနှစ်တွင် ၁ ဒသမ ၇ သန်းသေဆုံးခဲ့ရာမှ အဆိုပါကုသမှုကို အသုံးပြုလိုက်သောအခါ ၂၀၀၉ ခုနှစ်တွင် ၆၉၀၀၀၀ သာ သေဆုံးခဲ့ ကြောင်းနှင့် သေဆုံးသည့်အရေအတွက် လျော့နည်းသွားကြောင်း အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ဆိုင်ရာ ပူးတွဲ ကုလသမဂ္ဂ အစီအစဉ်အရ သိရသည်။


အသည်းရောင်အသားဝါ ဘီပိုးစီပိုးများသည်လည်း သေဆုံးမှုနှုန်းကို မြင့်စေကြောင်းသိရပြီး နှစ်စဉ် ၁ ဒသမ ၃ သန်းသေဆုံးကြောင်း သိရပါတယ်။

ကိုးကား- အေအက်ဖ်ပီ၊ ကုလသမဂ္ဂ