ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှုများအား တုံ့ပြန်မည့်အစီအစဉ်ရေးဆွဲရေး ညှိနှိုင်းဆွေးနွေး

နေပြည်တော်   ၂၃  ဧပြီ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် အကျိုးသက် ရောက်မှု များအား တုံ့ပြန်မည့်အစီအစဉ်ရေးဆွဲရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီ က နေပြည်တော်ရှိ ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် လုပ်ကွက်ငယ် တောင်သူများနှင့်စိုက်ပျိုးမွေးမြူထုတ် လုပ်သူများ အတွက် ငွေကြေးထောက်ပံ့မည့် အစီအစဉ်များ၊ ဈေးကွက်ခိုင်မာရေးနှင့် နည်းပညာ ပံ့ပိုးပေးမည့် အစီအစဉ်များ၊ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမည့် အစီအစဉ်များ၊ Cash for work ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)