ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီသို့ Multi-Purpose Virus Killer များ လာရောက်လှူဒါန်း

ရန်ကုန်  ၁၁  မေ

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေးကော်မတီ အသုံးပြုရန်အတွက် Posh ကုမ္ပဏီမှ Multi-Purpose Virus Killer (ဘက်စုံသုံးဗိုင်းရပ်စ် ပိုးသတ်ဆေး) များကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) တွင် လာရောက်လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက လာရောက်လှူဒါန်းသည့် Multi-Purpose Virus Killer (၁၀၀) ဘူးကို လက်ခံရယူ၍ Posh ကုမ္ပဏီမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

 

ညွန့်ကိုကို