ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ National Energy Puma Aviation Services Co., Ltd ၏ လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ 

နေပြည်တော် ၁၅ ဇူလိုင်

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ National Energy Puma Aviation Services Co., Ltd (Joint Venture of Myanma Petroleum Products Enterprise and Puma Energy Group Pte., Ltd) လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သိန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး() ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ National Energy Puma Aviation Services Co., Ltd (NEPAS) မှ Mr. Gary Fisher နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍပေါင်းစုံတွင် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည့်ကာလ ဖြစ်ပါကြောင်း၊ ယခုလိုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှု၊ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ဆောင်ရွက်ထားနိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို အပြီးတွန်းလှန်နိုင်ရန် အားလုံး၏ပူးပေါင်းပါဝင်မှု လိုအပ်သကဲ့သို့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ကြိုးပမ်းဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများကို မိမိတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါ ပံ့ပိုးကူညီမှုများ ဆောင်ရွက်နိုင်ရန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် Puma Energy Group Pte.Ltd တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံတွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် National Energy Puma Aviation Services Co., Ltd အနေဖြင့် အမေရိကန်ဒေါ်လာ သိန်းကို လူမှုရေးတာဝန်သိမှု (Corporate Social Responsibility) CSR Budget မှ လှူဒါန်းခြင်းဖြစ်ပါကြောင်း။

 

National Energy Puma Aviation Services Co., Ltd (NEPAS) သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ယခင် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် စင်္ကာပူနိုင်ငံအခြေစိုက် Puma Energy Group Pte. Ltd မှ ရှယ်ယာ ၄၉ ရာခိုင်နှုန်းထည့်ဝင်ကာ အကျိုးတူပူးပေါင်းဖွဲ့စည်း ထားသည့် JV လုပ်ငန်းတစ်ခုဖြစ်ပြီး၊ လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  ယခုတွင် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လေဆိပ် ၁၂ ခုတွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ NEPAS အနေဖြင့် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး အရည်အသွေးပိုင်းသာမက ဝန်ဆောင်မှုပိုင်းတွင်ပါ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် စတင်ထူထောင်ချိန်မှ လက်ရှိအချိန်အထိ CSR လုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ CSR လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရန်လှူဒါန်းခြင်း၊ ထူးချွန်ကျောင်းသားများအား ပညာသင်ဆုများပေးအပ်ခြင်း၊ မိဘမဲ့ကလေး ကျောင်းများသို့ ပညာရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအတွက် လှူဒါန်းခြင်း၊ လမ်းအသုံးပြုသူပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပညာပေးသင်တန်းများဖွင့်လှစ်ခြင်း စသည့် CSR လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးရုံများအတွက် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်း၊ မသန်စွမ်း ကလေးငယ်များအတွက် Wheelchair များ လှူဒါန်းခြင်း၊ HIV/ AIDS Center များသို့လှူဒါန်းခြင်း အစရှိသည့် CSR လုပ်ငန်းများကိုပါ အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ NEPAS လုပ်ငန်းများ စတင်ချိန်မှ ယခုအချိန်အထိ CSR လုပ်ငန်းများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ဒသမ သန်းခန့် ကျခံသုံးစွဲခဲ့ပြီးဖြစ်ပါကြောင်း။

 

ထို့ပြင် NEPAS အနေဖြင့် ကိုဗစ်ကာလအတွင်း အများပြည်သူသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် လေယာဉ်ဆီ ဈေးနှုန်းများကိုလည်း လျှော့ချပေးခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ယခုလို လုပ်ငန်းဆောင်ရွက်မှုတွင် အောင်မြင်ရုံမျှမက လူမှုရေးတာဝန်သိသည့် JV လုပ်ငန်းတစ်ခု၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုသည့် JV လုပ်ငန်းတစ်ခုကို ထူထောင်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ NEPAS လုပ်ငန်း၏ ခေါင်းစဉ်အောက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စင်ကာပူနိုင်ငံအခြေစိုက် Puma Energy Group Pte., Ltd မှ တာဝန်ရှိသူ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ NEPAS ယခုကဲ့သို့ လှူဒါန်းငွေများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ကောင်းမွန်ထိရောက်သည့် အထောက်အပံ့တစ်ခုဖြစ်စေလိုကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေးလုပ်ငန်းများကို ရှေ့ဆုံးမှ ရဲရဲဝံ့ဝံ့ဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း ဘေးကင်းလုံခြုံစွာဖြင့် အများပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပါစေကြောင်း၊ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသည့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြစေလို ကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းစင်ပပျောက်ရေးအတွက် အားလုံး တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် National Energy Puma Aviation Services Co., Ltd (NEPAS) မှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သိန်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှဲပြောင်းပေးအပ်ရာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး() ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး() ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

 အလားတူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မိတ်ဖက်ကုမ္ပဏီများ ဖြစ်သည့် POSCO International Corporation HYUNDAI မီးလင်းဂျိုင်လျှပ်စစ် ဓာတ်အားကုမ္ပဏီနှင့် PTTEP ကုမ္ပဏီများမှလည်း အမေရိကန်ဒေါ်လာ ၃၆၂,၅၀၀ (သုံးသိန်း ခြောက်သောင်း နှစ်ထောင့် ငါးရာတိတိ) တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သော UTM Tube အစုံ ၁၅၀၀၀၊ Ventilator စုံ၊ Test Kit စုံတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပြီးဖြစ်သဖြင့် ယခုလှူဒါန်းမှုအပါအဝင် အမေရိကန်ဒေါ်လာ ၄၆၂,၅၀၀ (လေးသိန်း ခြောက်သောင်း နှစ်ထောင့် ငါးရာတိတိ) လှူဒါန်းပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်