ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်းများအတွက် သင်တန်းဖွင့်လှစ်

မြန်အောင်   ၆   မေ

မြန်အောင်မြို့နယ် လူငယ့်ရေးရာကော်မတီမှ လူငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အ‌ထောက်အကူပြုလုပ်ငန်းများ ကူညီဆောင်ရွက်ရာတွင် စနစ်တကျ ပါ၀င်ဆောင်ရွက်နိုင်စေရန် COVID-19 Volunteer Training သင်တန်းကို မေ ၅ ရက် နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများအ‌ကြောင်း၊ ရောဂါကူးစက်မှု မဖြစ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်အသုံးပြုခြင်း၊ PPE ၀တ်စုံ စနစ်တကျ ၀တ်ဆင်ခြင်းနှင့် စွန့်ပစ်ခြင်း၊ ကိုဗစ် - ၁၉ ရောဂါလက္ခဏာများနှင့် ရောဂါလက္ခဏာ မပြသူများထံမှ ကူးစက်ခံရနိုင်ပုံများ၊ သံသယလူနာနှင့် ရောဂါဖြစ်ပွားနေသူများအား သယ်ယူပို့ဆောင် ကူညီပေးရာတွင် ဆောင်ရန်ရှောင်ရန်နည်းလမ်းများ၊ Facility Based Quarantine Centre များတွင် အထောက်အကူပြုလုပ်ငန်းများ ကူညီဆောင်ရွက်ခြင်းလုပ်ငန်းများအကြောင်းကို   ဒေါက်တာအောင်ဝင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊‌‌ ဒေါက်တာတေဇာစိုးနိုင် Quarantine Officer ၊ ဦးတင်ထွဋ် (ကျန်းမာရေးမှူး အဆင့် ၁)တို့ကလည်းကောင်း၊ ဦးဇော်လင်းအောင် (ကျန်းမာရေးမှူး)က နှစ်သိမ့် ဆွေးနွေးပညာပေးခြင်းနှင့်‌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်း တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ COVID-19 Volunteer Training ရက်တိုသင်တန်းသို့ မြန်အောင်မြို့နယ် လူငယ့်ရေးရာ ကော်မတီမှ စေတနာ့ဝန်ထမ်းလူငယ် (၁၆) ဦး တက်‌ရောက်သင်ကြားလျက်ရှိပြီး သင်တန်းပြီးမြောက်ပါက အဆိုပါလူငယ်များသည် မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် Quarantine Centre များတွင် စေတနာ့၀န်ထမ်း တာ၀န်ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ထွန်း‌ဇော်ထွန်း(မြန်အောင်- ပြန်/ဆက်)