ကျိန္တလီမြို့၊ ရတနာမြိုင်ကျေးရွာတွင် မိုးစပါး မျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကျိန္တလီ     ၂၅ ဇွန် 

ကျိန္တလီမြို့၊  မိုးစပါးမျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် တောင်သူများအား ဆင်းသွယ်လတ် (RS)မျိုးစပါး၊ ကွန်ပေါင်း(၁၅)ပတ်လည် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ရတနာမြိုင်ကျေးရွာ တောင်သူပညာပေးရေး ရှေ့တန်းစခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျိန္တလီမြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဖြိုးဝေလင်းက အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန ကျိန္တလီမြို့ဦးစီးမှူး ဦးကျော်လွင်က ဆင်းသွယ်လတ် (RS)မျိုးစပါး၊ ကွန်ပေါင်း(၁၅)ပတ်လည် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော တောင်သူ(၁၅)ဦးထံ ဆင်းသွယ်လတ် (RS)မျိုးစပါး (၅၅) တင်းနှင့် ကွန်ပေါင်း(၁၅)ပတ်လည် ဓာတ်မြေဩဇာ(၅၅)အိတ်ကို စံပြစိုက်ကွက် ဧက ၃၀၊ မျိုးစေ့ထုတ် ဧက  (၂၀) အတွက် အသီးသီပေးအပ်ခဲ့ရာ တောင်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးကျော်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ကျိန္တလီ(ပြန်/ဆက်)