ကီတုံးထုတ်ပေးတဲ့ အစားအစာတွေက တက်ခြင်းအတွက် ဘယ်လိုအကျိုးတွေရရှိစေမှာလဲ

ရေးသားသူ Phyo Wai Yan

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

 

တက်တာကို သက်သာစေမယ့် စားသောက်ခြင်းကို ရှာဖွေနေမယ်ဆိုရင်တော့ ကီတုံးထုတ်ပေးသော အစားအစာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တက်တတ်တဲ့လူတွေအတွက် အထူးစီစဉ်ထားတဲ့ စားသောက်ခြင်းပါ။ တက်ခြင်းအတွက်လည်း ကောင်းကျိုးတွေရှိတယ်ဆိုတာလည်း သက်သေပြပြီးထားပါ

 

၁။ ကီတုံးထုတ်ပေးသော အစားအစာတွေဆိုတာဘာလဲ။

ကီတုံးထုတ်ပေးသော အစားအစာများ (KD) ဆိုတာ အဆီများများ၊ ကာဗွန်ဟိုက်ဒရိတ်နည်းနည်းနဲ့ အသားဓာတ် ထိန်းထိန်းသိမ်းသိမ်းပါဝင်တဲ့ ဝက်ရူးပြန်ကုသနည်းတစ်ခုပါ။ ဆေးဝါးတိုက်ကျွေခြင်းကဲ့သို့သော အခြားကုသနည်းတွေ အလုပ်မဖြစ်တော့ရင် ရွေးချယ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

 

ကီတုံးထုတ်ပေးသော အစားအစာတွေက ကလေးတွေအတွက်ကုသနည်းဖြစ်ပေမယ့်လည်း လူကြီးတွေမှာ အကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း ယင်းကုသနည်းက ကျွမ်းကျင်သူတို့ရဲ့ အကူအညီလိုအပ်ပါတယ်။

 

၂။    ထိုကုသနည်းက ဘယ်လို အလုပ်ဖြစ်တာလဲ။

ပုံမှန်အားဖြင့် ကာဗွန်ဟိုက်ဒရိတ်ကရတဲ့ သကြားဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပါ။ ခန္ဓာကိုယ်က အဆီတွေကို စွမ်းအင်အတွက် အသုံးပြုတဲ့ အခါမှာတော့ သကြားဓာတ်တွေအစား  ကီတုံးတွေကို ထုတ်လုပ်လာပါတယ်။ ၂၀၁၅တွင် ပြုလုပ်သော သုသေတနအရ အထက်ပါကုသနည်းကြောင့် decanoic acid လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးထွက်လာတယ်လို့ သိရှိရပါတယ်။ အချို့လူတွေအတွက် ယင်းဒြပ်ပေါင်းက တက်ခြင်းကို လျော့ချပေးနိုင်ပါတယ်။

 

၃။  ဘယ်လိုလူတွေအတွက် သင့်တော်သလဲ။

တက်ခြင်းအတွက် အကျိုးရှိသော်လည်း လူတိုင်းအတွက်အလုပ် ဖြစ်မှာမဟုတ်ပါဘူး။ အထူးသဖြင့် ကြွက်သားကြောင့် တက်ခြင်း၊ Dravet Syndrome၊ ကလေးများတွင်တက်ခြင်း (West syndrome) နှင့် Tuberous Sclerosis လိုမျိုးရောဂါတွေမှာ အလုပ်မဖြစ်ပါ။

 

လူမျိုးဘာသာအလိုက် စားသုံးနိုုင်အောင် ပြုလုပ်ပေးလို့ရပါတယ်။ နို့ထွက်ပစ္စည်းတွေနဲ့ မတည့်တဲ့ လူတွေအတွက်တောင် အဆင်ပြေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေက ကလေးအကြိုက်တွေပါအောင် ကြိုးစားပြီတွက်ချက်ပေးမှာပါ။ အကယ်၍ ကလေးက အစားအသောက်ဆိုင်ရာ ပြဿနာတွေရှိမယ် ဒါမှမဟုတ် အဆီများတဲ့ အစားအစာတွေနဲ့ မတည့်ဘူးဆိုရင်တော့ ယင်းကုသနည်းက သင့်တော်မှာမဟုတ်ပါဘူး။

 

၄။   ထိုကုသနည်းက ဘယ်အသက်အရွယ်တွေအတွက် သင့်တော်သလဲ။

တစ်နှစ်အရွယ်မှစကာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်ငယ်လေးတွေအတွက် ကျွမ်းကျင်သူတွေက သေချာစောင့်ကြည့် ကျင့်သုံးစေမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။

 

၅။   ဘယ်လို အစားအစာတွေ စားမှာလဲ။

ကီတုံးပါတဲ့ အစားအစာများ အမျိုးမျိုးရှိပါတယ်။ အစားအစာတွေနဲ့ တွက်ချက်နည်းတွေဟာ ကျန်းမာရေး အခြေအနေ၊ လူနေမှုဘဝပုံစံပေါ်မှာမူတည်ပြီး အနည်းငယ်ကွဲပြားပါလိမ့့်မယ်။ ဒါပေမယ့်လည်း အချို့လူတွေမှာ တက်ခြင်းအတွက် အကျိုးရှိတယ်ဆိုတာလည်း သက်သေပြပြီးပါပြီ။

 

စံ စားသောက်နည်းပုံစံ

ယင်းစားသောက်နည်းတွင် အဆီဓာတ်များကို ကရင်၊ ထောပတ်၊ ဟင်းချက်ဆီနဲ့ အခြားအဆီဓာတ်ပါတဲ့  သဘာဝအစားအစာတွေမှ ရရှိပါတယ်။ ကာဗွန်ဟိုက်ဒရိတ်နဲ့ အသားဓာတ် အနည်းငယ်သာပါဝင်ပါမယ်။ အဆီနဲ့ ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုအချိုးကို တိတိကျကျတွက်ချက်ဖို့ လိုအပ်ပါတယ်။

 

Medium chaim triglyceride (MCT) စားသောက်နည်းပုံစံ

ထိုစားသောက်နည်းပုံစံကတော့ ကာဗွန်ဟိုက်ဒရိတ်နဲ့ အသားဓာတ် ပိုမိုပါဝင်ပါတယ်။ သဘာဝအစားအစာများမှ ရရှိသော အဆီများနဲ့ MCT oil/emulsion မှ ရရှိသော အဆီများလည်း  ပါဝင်ပါလိမ့်မယ်။ ယင်းက အစားအစာ ဒါမှမဟုတ် နို့တို့ဖြင့် ရောနှောအသုံးပြုနိုင်ပြီး ကျွမ်းကျင်သူတို့၏ ညွှန်ကြားချက်အတိုင်းသာ ပြုလုပ်ရပါမယ်။

 

MCT စားသောက်နည်းက စံ စားသောက်နည်းပုံစံလိုမျိုး အဆီ၊ အသား၊ ကာဗွန်ဟိုက်ဒရိတ်အချိုးကို တိကျတင်းကျပ်စွာ တွက်ချက်ထားတာ မဟုတ်ပါဘူး။ အစာအုပ်စုအမျိုးမျိုးမှ ရရှိမယ့် စွမ်းအင်ရာခိုင်နှုန်းဖြင့်သာ တွက်ချက်ထားတာပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"