ကွီးလေးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ရှမ်းရွာသစ် ၂၇ ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်သည့် ငွေကျပ် ၂၀ဝ၀ဝ ကို ယမန်နေ့ မွန်းလွဲပိုင်းက ကွီးလေးကျေးရွာရှိ အိမ်ထောင်စုများထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ အလုပ်အကိုင် အခက်အခဲဖြစ်ခဲ့မှုအပေါ် ယခုလို ငွေကြေးထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း၊ ထောက်ပံ့ငွေများကို အိမ်ထောင်စုများထံသို့ လက်ဝယ်အမြန်ဆုံးရောက်ရှိရေး စနစ်တကျ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပြီးနောက် ကွီးလေးကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု စုစုပေါင်း (၁၀ဝ)စုတို့အတွက် တစ်စုလျှင် ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် ငွေကျပ် စုစုပေါင်း ၂၀ဝ၀ဝ၀ဝ ကို ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ကွီးလေးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၀ဝ)စုရှိရာ အိမ်ထောင်စု တစ်စုလျှင် ကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇင်လေး(ပြန်/ဆက်)