ချယ်လ်ဆီးကို အိမ်ကွင်းမှာ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်မှာ လီဗာပူး ပြန်လည်ရပ်တည်

ဧပြီ ၁၅

 


ပရီမီယာလိဂ် ပွဲစဉ် (၃၄) ပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ တနင်္ဂနွေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး လီဗာပူးအသင်းက ချယ်လ်ဆီးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 


ပရီမီယာလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးအသင်းနှင့် အပြိုင်ဖြစ်နေသည့် လီဗာပူးအသင်းသည် ချယ်လ်ဆီးအသင်းကို အိမ်ကွင်း အန်ဖီးလ်ကွင်းတွင် နိုင်ပွဲရယူနိုင်ရန် အကောင်းဆုံးပုံစံဖြင့် ကြိုးစားခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့သည်။ 

 

d

 

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၁ မိနစ်တွင် လီဗာပူးအသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ယင်းဂိုးကို မာနေးက သွင်းယူနိုင်ခဲ့သည်။ အဖွင့်ဂိုးရပြီး မကြာသေးခင်မှာပင် လီဗာပူးအသင်းအတွက် ဒုတိယသွင်းဂိုးကို ဆာလာက ပွဲချိန် ၅၃ မိနစ်တွင် ထပ်မံသွင်းယူနိုင်ခဲ့သည်။ 

 


လီဗာပူးအသင်းသည် ယခုပွဲစဉ်အနိုင်ရရှိခြင်းကြောင့် မန်စီးတီးထက် တစ်ပွဲပိုကစားကာ နှစ်မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ရပ်တည်နေခဲ့သည်။ 

 

ပရီမီယာလိဂ် ပွဲစဉ်(၃၄) ရလဒ်
ခရစ္စတယ်ပဲလေ့စ် ၁ - ၃ မန်စီးတီး
လီဗာပူး ၂ - ဝ ချယ်လ်ဆီး

 


MDN