ခုတင် ၅၀ဝ အရိုးရောဂါအထူးကုဆေးရုံကြီး ခြေခွင်ကလေးဌာနတွင် လာရောက်ပြသသည့် ကလေး ၆၀ဝ ကျော်ရှိ

မန္တလေး ၄ ဇွန်


မန္တလေးမြို့ရှိ ခုတင် ၅၀ဝ အရိုးရောဂါအထူကုဆေးရုံကြီး၊ ခြေခွင်ကလေးဌာနတွင် လာရောက်ပြသသည့် ကလေးပေါင်း ၆၀ဝ ကျော်ရှိကြောင်း အဆိုပါဆေးရုံ၏ ခြေခွင်ကလေးဌာန ၊ တာဝန်ခံ ဒေါက်တာလင်းအောင် က ပြောသည်။


ဇွန် ၃ ရက်နေ့ ကျင်းပပြုလုပ်သည့် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ခုတင် ၅၀ဝ အရိုးရောဂါ အထူးကုဆေးရုံကြီး၊ ခြေခွင်ကလေးဌာနတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ခြေခွင်ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။


‘ကုသပြီးစီးသွားတာက ကလေး ၄၅၀ ကျော်တယ်။ ကုသဆဲက ၁၅၀ ဝန်းကျင်လောက် ကျန်တယ်။ ဒီကနေ့ အသစ်ရောက်တာ ၃ ယောက်ပါပါတယ်’ဟု  ဒေါက်တာလင်းအောင်က ပြောသည်။

 

1


ခြေထောက်ခွင်ရောဂါသည် မွေးကင်းစကလေးများတွင် အဖြစ်အများဆုံးဖြစ်ပြီး အရိုးအကြောနှင့် ဆိုင်သော မွေးရာပါရောဂါ တစ်မျိုးဖြစ်သည်။ ကမ္ဘာအနှံ့အပြားတွင်မွေးကင်းစ ကလေး ၁၀ဝ၀ တွင်   ခြေထောက်ခွင်ရောဂါ ကလေး ၁ ဦးနှုန်း မွေးဖွားလျက်ရှိကြောင်း သိရသည်။


ခြေထောက်နှစ်ဖက်လုံး သော်လည်းကောင်း ၊ ခြေထောက်တစ်ဖက်တည်းသော်လည်းကောင်း ဖြစ်ပွားနိုင်ပြီး မိခင်၏သန္ဓေသားဖွံ့ဖြိုးကြီးထွားချိန်တွင် ပုံမှန်ခြေထောက် အနေအထားမှ ခြေထောက်ခွင် အနေအထားသို့ ကူးပြောင်းခြင်း ၊ ခြေသလုံးကြွက်သားနှင့် ခြေဖဝါးအတွင်းပိုင်း အရွတ် ၊ အကြောများ တောင့်တင်းထူထဲလာခြင်း ဖြစ်ကြောင်း သိရသည်။


ခြေခွင်ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းကို ယနေ့အထိ မသိရသေးသော်လည်း မျိုးရိုးဗီဇနှင့် ဆိုင်သောအချက်များကြောင့် ခြေခွင်ရောဂါဖြစ်နိုင်ကြောင်း ယူဆရသည်ဟု သိရသည်။


အိမို့မို့ခိုင်

1