ခရမ်းချဉ်သီးနှင့်ကြက်ဥဖောက်ချက်

ကြက်ဥအနှစ် မကျက်တကျက်အနေအထားနဲ့ဆိုရင် ပိုကောင်းပါတယ်။ ကြက်ဥအကာသားပျော့ပျော့လေးကို ဇွန်းနဲ့အသာခွဲလိုက်တဲ့အခါ အနှစ်အရည်တွေ ဟင်းရည်နဲ့ရောသွားတာကြောင့် အရသာကို ပိုကောင်း သွားစေပါတယ်။

 

ပါဝင်ပစ္စည်းများ ( ဦးစာ)

 

ကြက်ဥ  ၂ လုံး

 

ခရမ်းချဉ်သီး   ၂၀ဝ ဂရမ်

 

ကြက်သွန်နီ တစ်ခြမ်း   ၁၀ဝ ဂရမ်

 

ကြက်သွန်ဖြူ   ၂ မြွှာ

 

သံလွင်ဆီ  စားပွဲဇွန်း ၂ ဇွန်း

 

 ချိစ် ၅၀ ဂရမ် (ပီဇာပြုလုပ်ရာတွင် အသုံးပြုသည့်ချိစ်)

 

ဆား အနည်းငယ်

 

ငရုတ်ကောင်းမှုန့် အနည်းငယ်

 

ရောစပ်ရန်

 

ဆား စားပွဲဇွန်း တစ်ဝက်

 

ရေ  ၃၀ဝ မီလီလီတာ

 

ပြုလုပ်ပုံ

 

၁။ ခရမ်းချဉ်သီးကို  ၂ စင်တီမီတာအရွယ် အတုံးကလေးများတုံးပါ။ ကြက်သွန်နီကို  ပါးပါးလှီးပါ။ ကြက်သွန်ဖြူ ကို   နုပ်နုပ်စဉ်းပါ။   

 

၂။ သံလွင်ဆီနှင့် ကြက်သွန်ဖြူကို အိုးအသေးတစ်လုံးထဲတွင် ထည့်ပြီး မီးအပူချိန် အသင့်အတင့်ဖြင့် ကြော်ပါ။ အနံ့မွှေးလာသည့်အခါ ကြက်သွန်နီထည့်ပြီး မိနစ်အနည်းငယ် ကြော်ပါ။ ကြက်သွန်နီတွေ အကြည်ရောင်ပြောင်း သွားသည့်အခါ ခရမ်းချဉ်သီးထည့်ပြီး မိနစ်အနည်းငယ်ကြော်ပါ။ ထို့နောက် ရောစပ်ရန်အမယ်ကိုထည့်ပြီး ဟင်းရည်ဆူလာသည်အထိ တည်ပါ။ ဟင်းရည်ဆူပွက်လာသည့်အခါ မီးအပူချိန်ကို လျှော့ချပြီး ၇-၈ မိနစ်ခန့်  မီးအေးအေးဖြင့် ချက်ပါ။

 

၃။ ကြက်ဥကိုဖောက်ပြီး ဇလုံငယ်တစ်ခုထဲထည့်ပါ။ ထို့နောက် အိုးထဲ အသာလောင်းထည့်ပါ။ ကြက်ဥတစ်လုံး ချင်းကို တစ်ခါစီခွဲထည့်ပါ။ ထို့နောက် ချိစ်အချောင်းလေးများကို အပေါ်မှ ဖြူးပါ။ ကြက်ဥအကာသားများ အဖြူ ရောင်ပြောင်းသွားသည့်အခါ ဆားနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး အရသာကို လိုသလို ပြုပြင်ပါ။

 

ကိုးကား-NHK