ခရီးသည်ယာဉ်တစ်စီး ကားအင်ဂျင်အပူလွန်ကဲ၍ ရပ်နားထားစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွား

ငရုတ်ကောင်း ၁ ဇွန်


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်း- ငရုတ်ကောင်းတောင်ကားလမ်း မိုင်တိုင် အမှတ်(၁၄) မိုင် ၂ ဖာလုံနှင့် ၁၄ မိုင် ၃ ဖာလုံကြားတွင် ယနေ့ နံနက်ပိုင်းက ယူနီဗာဆယ်ခရီးသည်ယာဉ်တစ်စီး ကားအင်ဂျင်အပူလွန်ကဲ၍ ရပ်နားထားစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုမှာ ရန်ကုန်မြို့မှ ငရုတ်ကောင်းမြို့သို့ ပြေးဆွဲသော ယူနီဗာဆယ်ခရီးသည်တင်ယာဉ် MDY/ ----- SUNLONG အမျိုးအစားသည် မိုင်တိုင် အမှတ်(၁၄) မိုင် ၂ ဖာလုံနှင့် ၁၄ မိုင် ၃ ဖာလုံကြားတွင် ကားအင်ဂျင်အပူလွန်ကဲလာသဖြင့် ကားအား လမ်းဘေးသို့ချရပ်ကာ ခရီးသည်များအား ယာဉ်ပေါ်မှဆင်းခိုင်း၍ ငရုတ်ကောင်းမြို့သို့ ကြိုပို့ကားဖြင့် ပို့ဆောင်ပေးခဲ့စဉ် ၎င်းယာဉ်ရပ်နားထားသည့်နေရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦး သာကျန်ခဲ့ပြီး အင်ဂျင်နောက်ဖုံးမှ မီးခိုးများထွက်လာခဲ့ပြီး မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။ 


ပြုံးမောင်မောင်(ငရုတ်ကောင်း)

 

1