ခရီးသည်တင်ယာဉ်နှင့် နွားလှည်းတိုက်မိရာ နွားလှည်းပေါ်ပါနှစ်ဦး သေဆုံး

နေပြည်တော်  ၃၀  ဇွန် 

 

နေပြည်တော်-မန္တလေးလမ်း မိုင်တိုင် ၂၇၂/၇ အနီးတွင် ယနေ့နံနက် ၅ နာရီခွဲ ယာဉ်မောင်းဦးမြင့်ကျော်၊ (၅၀)နှစ်၊ မောင်းနှင်လာသည့် ယာဉ်အမှတ် MDY 5M/----ကောင်းမြတ်မန်း express ခရီးသည်တင်ယာဉ်သည် ယာဉ်မောင်းပါ ကျား(၃၆)ဦး၊ မ(၄)ဦး၊ ပေါင်း (၄၀)ဦး တင်ဆောင်ကာ မောင်းနှင်လာစဉ် လမ်းဖြတ်ကူးနေသော ဦးတင်ထွန်း၊ (၄၀)နှစ်၊ အိုင်တိုကျေးရွာနေသူမောင်းနှင်လာသော နွားလည်းအား ဝင်ရောက်တိုက်မိပြီး နွားလှည်းပေါ်ပါရှိသော ဦးတင်ထွန်းနှင့် ညီမတော်စပ်သူ ဒေါ်ညိုအေး၊ (၃၇)နှစ်၊ အိုင်တိုကျေးရွာ နေသူတို့မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပေပင်လေး စခန်းမှ တပ်ဖွဲ့ဝင်များ နှင့် အထောက်အကူပြု အဖွဲ့များ ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

MDN

 

Photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

 

655933