ခရီးသည် (၆၃၅)ဦး ပါဝင်သည့် MS WORLD ODYSSEY အပျော်စီးပင်လယ်ကူးသင်္ဘော မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်

နေပြည်တော်  ၁၉  ဖေဖော်ဝါရီ 

 

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် MS World Odyssey အပျော်စီးပင်လယ်ကူးသင်္ဘောသည် သန်လျင်မြို့နယ်ရှိ သီလဝါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်က ဆိုက်ကပ်ခဲ့ရာ ဟိုတယ်နှင့်ခရီသွားလာရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန် တိုင်းဒေသကြီးရုံးခွဲမှ တာဝန်ရှိသူများနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆို၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ MS World Odyssey အပျော်စီးပင်လယ်ကူးသင်္ဘောသည် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Destination Asia Co.,Ltd ၏ စီစဉ်မှုဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ခရီးသွားဧည့်သည်များအဖြစ် Semester at sea (The Floating University) ၏ Spring 2018 A Voyage around the world အစီအစဉ်ဖြင့် လိုက်ပါလာကြသော ကျောင်းသားများ၊ ကျောင်းသူများဖြစ်ပြီး စုစုပေါင်း (၆၃၅)ဦး ပါဝင်၍ အမေရိကန်နိုင်ငံသား အများဆုံးပါဝင်ကြောင်းလည်း သိရသည်။ 

 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် ရန်ကုန်မြို့နယ်အတွင်း နေ့ချင်းပြန်ခရီးစဉ်များအား လည်ပတ်ခြင်းနှင့် ရန်ကုန်-ပဲခူး-မန္တလေး-ပုဂံ ခရီးစဉ်များကို သွားရောက်ကြမည်ဖြစ်ကာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်တွင် အိန္ဒိယနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး မြောက်အမေရိက၊ အာရှ၊ ဥရောပနှင့် အာဖရိကတို့ရှိ နိုင်ငံပေါင်း(၁၁)နိုင်ငံတို့သို့ လည်ပတ်ကြမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

 

MDN