ခရီးသည် ၁၈၀ ဦးလိုက်ပါလာသည့် ယူကရိန်းလေယာဉ် အီရန်နိုင်ငံ၌ ပျက်ကျ၊ ခရီးသည်အားလုံးသေဆုံး

ယူကရိန်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပိုင် ခရီးသည် ၁၈၀ ဦး လိုက်ပါလာသည့် Boeing 737 သည် အီရန်နိုင်ငံ အီမန်ခါမေနီလေဆိပ်မှ ပျံတက်ပြီး မကြာမီ အချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ဖားစ်သတင်းဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

 

ယူကရိန်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပိုင် Boeing 737 လေယာဉ်ပျက်ကျရာ လေဆိပ်အနီး ဧရိယာသို့ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားပြီဖြစ်ကြောင်း အီရန်နိုင်ငံ၏ မြို့ပြလေကြောင်း လိုင်းအဖွဲ့အစည်းတစ်ခု၏ ပြောရေးဆိုခွင့်ရှိသူက ပြည်နယ်ရုပ်မြင်သံကြားကို ပြောဆိုခဲ့သည်။

 

1

 

 

သတင်းများအရ လေယာဉ်သည် ကိယက်ဗ်မြို့ကိုသွားရောက်ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် ၁၈၀ ဦး နှင့် လေယာဉ်အမှုထမ်းများ လိုက်ပါလာသည်ဟု အီရန်နိုင်ငံက ပြောကြားခဲ့သည်။

 

ယူကရိန်းလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၁၈၀ ဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်အစိုးရ ရုပ်မြင်သံကြားက ယနေ့တွင် ထုတ်လွှင့်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

8