ခရစ်ချတ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၁ ဦးထိ ရှိလာ

နယူးဇီလန်နိုင်ငံ၊ ခရစ်ချတ်မြို့တော်တွင် မတ်လ ၁၅ ရက်ကဖြစ်ပွားခဲ့သည့် ဝတ်ပြုကျောင်းများ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေနတ်ပစ်ခတ်ခံခဲ့ရသည့် တူရကီနိုင်ငံသားတစ်ဦးမှာ ဆေးရုံ၌ သေဆုံးသွားပြီဟု ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က ယနေ့နံနက်ပိုင်းတွင် အတည်ပြုပြောကြားသည်။  

 

ခရစ်ရှတ်ဆေးရုံတွင် ညပိုင်းက သေဆုံးသွားခဲ့သည့် တူရကီနိုင်ငံသားအတွက် များစွာ ဝမ်းနည်းမိပါ ကြောင်း ထုတ်ပြန်ချက်တစ်ခုအတွင်း ဂျာစင်ဒါက ပြောကြားသည်။ 

 

mdn

 

အဆိုပါ ဝမ်းနည်းဖွယ်ရာသတင်းမှာ တူရကီနိုင်ငံအပြင် နယူးဇီလန်နိုင်ငံတွင်လည်း ဝမ်းနည်းစေမည် ဖြစ်ကြောင်း၊  သေဆုံးသူကို တိုက်ခိုက်မှုပြီးကတည်းက အထူးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း ၄င်းက ပြောကြားခဲ့သည်။
၄င်းကို အကောင်းဆုံးမျှော်လင့်ခဲ့သော်လည်း တိုက်ခိုက်မှုအတွင်း ရရှိခဲ့သည့်ဒဏ်ရာများကြောင့် သေ ဆုံးသွားခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ 

 

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိမှုကြောင့် ဆေးရုံသို့ ခေါ်ဆောင်သွားသူ အမျိုးသား ၄၉ဦး၊ အမျိုးသမီးများနှင့် ကလေးများကို စောင့်ရှောက်ပေးကြသည့် ဆေးရုံဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ဂျာစင်ဒါကဆိုသည်။

 

အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ပစ်ခတ်ခံခဲ့ရသူ ကိုးဦးမှာ ဆေးရုံ၌ ရှိနေဆဲဖြစ်သော်လည်း အခြေအ နေများမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း၊ ၄င်းတို့ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန်  နယူးဇီလန် နိုင်ငံ မျှော်လင့်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားသည်။

ကိုးကား--ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်