ခန္တီးမြို့ အနီးတွင် ၃ ဒသမ ၅အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

၁၆ ဧပြီ

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (ဝ၇) မိနစ်၊ (၃၇) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၁၁၀)မိုင် ခန့်ကွာ ဝေးသော မြန်မာနိုင်ငံပြည်တွင်း (ခန္တီးမြို့၏ တောင်ဘက် (၈)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၉)ဒီဂရီ၊ အနက်(၁၁၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန