ခင်ဦးမြို့နယ်တွင် အသက် (၈၅) နှစ်နှင့် အထက် အဘိုးအဘွား (၁၁၀၇)ဦး အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ခင်ဦး ၁၇  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာပေါင်း (၁၅၂) ရွာမှ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွား (၁၁၀၇) ဦးတို့ကို ၂၀၁၉ ခုနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် တစ်ဦးလျှင် ၃ သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၃၂၁၀၀၀၀ ကျပ် လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်နေ့ နေ့ ၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

45

 

ဦးစွာ မြို့ပေါ် ၅ ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၅၂) ဦးတို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ(ခေတ္တ)ဥက္ကဋ္ဌ ဦးအောင်ကိုလတ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တစ်ဦးလျှင် တစ်လ (၁)သောင်းကျပ်နှုန်းဖြင့် သုံးလအတွက် ၃ သောင်းကျပ် စုစုပေါင်းငွေကျပ် ၁၅၆၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထို့နောက် ကျန်ရှိနေသော ကျေးရွာ(၁၄၇) ရွာမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၁၀၅၅) ဦးတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေး စာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်လလျှင် (၁)သောင်းကျပ်နှုန်းဖြင့် သုံးလအတွက် တစ်ဦးလျှင် (၃)သောင်းကျပ် စုစုပေါင်းငွေကျပ် (၃၁၆၅၀၀၀၀) ကျပ်တို့ကို အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

85

 

ချစ်စံ(ခင်ဦး)