ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ကုသနိုင်ရေးအတွက် အဆောက်အဦပြင်ဆင်လျက်ရှိ

ခင်ဦး   ၁   ဧပြီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ကုသနိုင်ရေးအတွက် မတ်လ ၃၀ ရက်မှ စတင်ပြီး မြို့မိမြို့ဖများ ဦးဆောင်၍ ပြည်သူများထည့်ဝင်လှူဒါန်းငွေများဖြင့် ပြည်သူ့ဆေးရုံတွင် လူနာစောင့် နားနေဆောင် အဆောက်အဦကို ပြင်ဆင်လျက်ရှိကြောင်းသိရသည်။

 

​ေ

 

ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူများရောက်ရှိလာပါက ၁၄ ရက်စောင့်ကြပ်ကြည့်ရှု ထားရှိနိုင်ရန် အတွက်   လူနာစောင့် နားနေဆောင်ကို မြို့မိမြို့ဖများကဦးဆောင်ပြီး အကာအရံများ၊ တံခါးများတပ်ဆင်ခြင်း၊ အခန်းများ ကာခြင်းကို ဆောင်ရွက်လျက်ရှိပြီး ခုတင်များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကို ထံမှ သိရသည်။

စိုးဝေအောင်(ခင်ဦး)