ခင်ဦးမြို့နယ်၌ ရေလွှမ်းမှုဒဏ်ခံရသော မိုးစပါးစိုက် ဧကများအတွက် ပြန်လည်ပြုပြင်ရန် နည်းလမ်းများ Online မှ ပညာပေးဆွေးနွေး

ခင်ဦး စက်တင်ဘာ ၃၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမှုဒဏ်ခံရသော မိုးစပါးစိုက်ဧကများအတွက် ပြန်လည်ပြုပြင်ရန် နည်းလမ်းများကို စက်တင်ဘာ ၃၀ ရက်က Online မှတစ်ဆင့် ပညာပေးဆွေးနွေးခဲ့သည်။

 

 

ခင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှုမှာ စက်တင်ဘာလထိ မိုးရွာရက် ၅၃ ရက်ရှိပြီး မိုးရေချိန် ၃၅ ဒသမ ၂၄ လက်မ ရှိသည့်အတွက် ယခင်နှစ်ထက် ပျမ်းမျှမိုးရေချိန် ပိုးများပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ မိုးစပါးစိုက်ဧကပေါင်း ၁၃၁၉၆ ဧက ရေလွှမ်းမှုဒဏ် ခံခဲ့ရသည်။

 

mdn

 

အဆိုပါ မိုးစပါးစိုက်ဧကများ ရေလွှမ်းမှုခံခဲ့ရသည့်အတွက် ပြန်လည်ပြုပြင်ရန် နည်းလမ်းများဖြစ်သည့် စပါးပင် ပုံမှန်ပြန်လည် အလုပ်လုပ်နိုင်ရန် ဟော်မုန်းဆေး (ဥပမာ-Tozin လစ်တောနစ်) တို့ကို အရင်ဖျန်းပေးခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို : မှ : ထိ ရောစပ်ကြဲပက်ခြင်း၊ ဓာတ်မြေဩဇာဖြစ်တဲ့ ယူရီယားကို ရွက်ဖျန်းမြေဩဇာအဖြစ် ဆေးဖျန်းပုံး တစ်ပုံးလျှင် ဇွန်းမှ ၁၆ ဇွန်းထိ ထည့်သွင်းပက်ဖျန်းခြင်း၊ NPK ရွက်ဖျန်းမြေဩဇာကို ဖျန်းပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနက ပညာပေးလျက်ရှိသည့် ငါးအမိုင်နို သဘာဝ ရွက်ဖျန်းအားဆေးကို ကိုယ်တိုင်ပြုလုပ် သုံးစွဲခြင့်အားဖြင့် အပင်ပြန်လည်ကြီးထွားဖို့ အသုံးပြုခြင်း၊ ငါးအမိုင်နို ပြုလုပ်သည့်အခါ လိုအပ်သည့် EM ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် လာရောက်ဆက်သွယ်ယူနိုင်ကြောင်း စသည့် နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိမွန်ကျော်က Online မှတစ်ဆင့် ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)