ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများလှူဒါန်း

ခင်ဦး  ၁၆  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို နိုဝင်ဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီက တီအန်တီဆိုင်းအင်တာနေရှင်နယ် လျှပ်စစ်ပစ္စည်းဖြန့်ချိရေး ကုမ္ပဏီလီမိတက်က လှူဒါန်းခဲ့သည်။

 

လှူဒါန်းရာတွင် တီအန်တီဆိုင်းအင်တာနေရှင်နယ် လျှပ်စစ်ပစ္စည်းဖြန့်ချီရေး ကုမ္ပဏီလီမိတက်က လှူဒါန်းသော PPE ဝတ်စုံ (၁၀) စုံနှင့် အခြားကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သုံးသိန်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မင်းဝင်းနှင့် အမေများနေ့ ဖြစ်မြောက်ရေးအဖွဲ့တို့က လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကိုက လက်ခံခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)