ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးစစ်ဆေး

ကလေးဝ   ၂၇  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ဖြတ်သန်းသွားလာသော ပုဂ္ဂလိကခရီးသည်တင် အမြန်ရေယာဉ် များနှင့် ကုန်တင်ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယနေ့ နံနက် နာရီက ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသိင်္ခနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်တပ်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ပုဂ္ဂလိကခရီးသည်တင်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များတွင် လူပို၊ ကုန်ပို တင်ဆောင်မှုမရှိစေရေး၊   ခရီးသည်တင် ရေယာဉ်များ ညအချိန်ခုတ်မောင်းပြေးဆွဲမှု မရှိစေရေး၊ ရေယာဉ်လိုင်စင် စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲနိုင်ရေး၊ မီးသတ်ဆေးဘူးများ လုံလောက်စွာထားရှိရေး၊ ခရီးသည်များ Life jacket နှင့် အသက်ကယ်ဘောကွင်းများ စနစ်တကျ အသုံးပြုတတ်စေရန် အသိပညာပေးခြင်း စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)

 

IMG_20200627_063053