ချင်းတွင်းမြစ်အတွင်း ကျောက်မီးသွေးတင်ဆောင်လာသော တွဲသင်္ဘောတစ်စီး နစ်မြုပ်

ကလေးဝ ၁၅ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ခုံကြီးကျေးရွာအုပ်စု၊ ရွှေကျင်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ကျောက်မီးသွေးတင်ဆောင်လာသော တွဲသင်္ဘောတစ်စီးသည် ဇူလိုင် (၁၅)ရက် နံနက်(၇)နာရီက တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


၎င်းသင်္ဘောသည် ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအုပ်စု ထူးဟန်သစ်ကျောက်မီးသွေးကုမ္ပဏီမှ ကျောက်မီးသွေးတန်ချိန် (၁၇၅၁.၉)တန်ကို တင်ဆောင်ပြီး ရေယာဉ်အုပ် ဦးကိုင်နိုင် (ဘ)ဦးအောင်တင် (ရေစကြိုမြို့ နေသူ)မောင်းနှင်လာသည့် ဇွဲမြင့်ထွန်း(၇) တွဲသင်္ဘောသည် ကိုင်းတောကျေးရွာအုပ်စု ဇီးဒေါင့် ကျေးရွာအနီး အရောက်တွင် တက်မနှင့်ပန်ကာကြားတွင် သစ်တုံးညှပ်ရာမှ အရှိန်မထိန်းနိုင်သဖြင့် တွဲသင်္ဘောသံ 827 CBR 1043 သည် ဝမ်းဗိုက်ပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားကာ ရွှေကျင်ကျေးရွာအနီးသောင်ခုံတွင် မှောက်လျက်တင်ကျန်လျက် ရှိကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မိုးရာသီမြစ်ရေကြီးမြင့်ချိန် ချင်းတွင်းမြစ်ကြောင်းတစ်လျောက် ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွ ာသွားလာနိုင်ရေးအတွက် ရေဝဲသတိပေးချက်ကို ဇွန်လဒုတိယပတ်အတွင်းက ထုတ်ပြန်ထားကြောင်း သိရသည်။


ဝင်းဦး (ဇေယျာတိုင်း)

 

2