ချင်းရွှေဟော်မြို့၌ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ချင်းရွှေဟော်၊  ၁၇  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်းရှေ့လမ်း၌ ဆောင်ရွက်လျက်ရှိသည့် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အုတ်စီရေမြောင်းပြုလုပ်ခြင်းကို ချင်းရွှေဟော်မြို့၊ စည်ပင်သာယာရေးဉီးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် ငွေလုံးငွေရင်း၊ ခွင့်ပြုငွေကျပ် ၉၈ ဒသမ ၇၅ သိန်းဖြင့် နိုဝင်ဘာ ၁၁ ရက်မှစတင်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အလျား ၃၉၅ ပေ၊ အနံ ၃ ပေ၊ အမြင့် ၂ ပေ ၆ လက်မရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ချင်းရွှေဟော်မြို့၊ အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)