ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ ၅၇ ဉီးအား သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ၅ ဇူလိုင်

 

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ချင်းရွှေဟော်ဂိတ်မှ ဝင်ရောက်လာသော မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၅၇ ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ ဒေသများသို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပို့ဆောင်ရာတွင် ချင်းရွှေဟော်ဂိတ်မှ ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ယမန်နေ့က ၄၀ ဦးနှင့် ယနေ့ မွန်းလွဲ ၂ နာရီက ၁၇ ဦး စုစုပေါင်း ၅၇ ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီမှ လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

 

အဆိုပါ  လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ ၅၇ ဉီးတွင်  အမျိုးသား ၃၀ ဉီး၊  အမျိုးသမီး ၂၇ ဦးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၁ ဉီး၊ မန္တလေးတိုင်းဒေသကြီးမှ ၈ ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၉ ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ ၁ ဉီး၊ မကွေးတိုင်းဒေသကြီးမှ ၉ ဉီး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁ ဉီးနှင့် ရှမ်းပြည်နယ်မှ ၂၈ ဉီးတို့ဖြစ်ကြောင်း သိရသည်။

 

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူများမှာ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား ၇၁၁၂ ဉီးနှင့် အမျိုးသမီး ၅၇၂၀ ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၁၂၈၃၂ ဉီးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)

mdn