ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၂၂)ဉီးအား သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ၂၆  ဇူလိုင်

 

ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူ ၂၂ ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြန်လည်ပို့ဆောင်ရာတွင် ဇူလိုင် ၂၅ ရက် ညနေ နာရီက (၁၃)ဉီးနှင့် ယနေ့ မွန်းလွဲ နာရီခွဲက ()ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၂၂)ဉီးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

 

အဆိုပါ  နေရပ်ပြန်ပြည်သူ (၂၂)ဉီးတွင် အမျိုးသား (၁၁)ဉီး၊ အမျိုးသမီး (၁၁)ဉီးတို့ဖြစ်ပြီး  ကန့်ဘလူမြို့နယ်မှ ()ဉီး၊ တန့်ဆည်မြို့နယ်မှ ()ဉီး၊ မိုးညိုမြို့နယ်မှ ()ဉီး၊ ရေစကြို့မြို့နယ်မှ ()ဉီးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်များမှ (၁၃)ဉီးတို့ဖြစ်ကြောင်း သိရသည်။

 

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူများမှာ  ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား ၇၅၉၄ ဉီးနှင့် အမျိုးသမီး ၆၁၂၃ ဉီးတို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ ၁၃၇၁၇ ဉီးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)