ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၁၅) ဉီးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ၂၃  ဩဂုတ်

 

ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ် ၂၂ ရက်နေ့၊ ညနေ ၆ နာရီက ၁၀ ဉီးနှင့် ယနေ့မွန်းလွဲ ၃ နာရီခွဲ အချိန်က (၅) ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၁၅ ဉီးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ  ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ ၁၅ ဉီးမှာ  အမျိုးသား ၇ ဉီး၊   အမျိုးသမီး ၈ ဉီးတို့ ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ ၁ ဉီး၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှ ၁ ဉီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့ နယ်မှ ၂ ဉီး၊ ဇလွန်မြို့နယ်မှ ၁ ဉီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်မှ ၁ ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်း မြို့နယ်မှ ၁ ဉီး၊ လောက်ကိုင်မြို့နယ်မှ ၇ ဉီးနှင့် ဟိုပန်မြို့နယ်မှ ၁ ဉီးတို့ ဖြစ်သည်။

 

ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ  သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား  စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား ၈၁၄၂ ဉီးနှင့် အမျိုးသမီး ၆၅၂၀ ဉီး တို့ဖြစ်ပြီး  စုစုပေါင်း နေရပ်ပြန်ပြည်သူ ၁၄၆၆၂ ဉီးတို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ဇင်ဇင်(ပြန်/ဆက်)