ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 

 

ဟားခါး  စက်တင်ဘာ ၂၉

 

ချင်းပြည်နယ် ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ဟားခါးမြို့နယ်မှအပ အခြားမြို့များတွင် ကိုဗစ်၁၉ ပိုးကူးစက်မှု လျော့နည်း ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်၁၉ ရောဂါထိန်းချုပ်ရေးနှင့် ရောဂါ ကျဆင်းလာစေရန်အတွက် ပြည်သူတစ်ဦးချင်း၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အထူးလိုအပ်ကြောင်း၊ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် ပတ်သက်၍ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးရုံများတွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးပစ္စည်း၊ ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ရန် လိုကြောင်း၊ ဆေးရုံများအတွက် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် အမှာစကားပြောကြားသည်။

 

mdn

 

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အောက်ဆီဂျင်ရရှိ သုံးစွဲမှုအခြေအနေ၊ Quarantine Centre များရှိ စောင့်ကြည့်လူနာများအခြေအနေ၊ လိုအပ်ချက်များနှင့် Mask Campaign များ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး :ဟန်ကျင့်ဇမ်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိမှု လျော့နည်းကျဆင်းလာသည့် မြို့နယ်များအား Stay at Home မြို့နယ်အဖြစ်မှ ပယ်ဖျက်နိုင်ရေး ကိုဗစ်၁၉ ရန်ပုံငွေရရှိ၊ သုံးစွဲမှုနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြေက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

မောင်တက်လမ်း