ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ပလပ်ဝမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေးနှင့် ပြည်သူအကျိုးပြု လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ၂၀  နိုဝင်ဘာ

 

ချင်းပြည်နယ် မတူပီမြို့နယ် ခိုဘွေရပ်ကွက်ရှိ ဘုံတလာခန်းမ၌ နိုဝင်ဘာ ၁၉ ရက်  နံနက်ပိုင်းတွင် မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောခဲ့သည်။

 

ဟောပြောပွဲ၌ မတူပီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကို ဦးစီးသည့် တပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများအား မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေးရေး မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့် အချက်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အချက်များအား အသိပညာပေး ဟောပြောခဲ့သည်။

 

ထို့အတူ ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံအတွင်း၌ ယင်းနေ့ နံနက်ပိုင်းတွင် ပလက်ဝမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 (ရဲပြန်ကြား)