ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟားခါး ဇူလိုင် ၂၈

 

 

ချင်းပြည်နယ် ကိုဗစ်၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

အစည်းအဝေးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ကူးစက်ခံရမှု၊ သေဆုံးမှုနှင့် ကာကွယ် ထိန်းချုပ် ကုသရေးဆောင်ရွက်မှု အခြေအနေများ၊ အောက်ဆီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ဆောင်ရွက်မှုအခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များက ဖြည့်စွက်ဆွေးနွေးကြသည်။

 

 

ထို့နောက် ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။ အစည်းအဝေးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ထောက်ပံ့လျက်ရှိသည့်အပြင် (၁၀)ရက်ကျော် ဆေးရုံတက်ရောက်သူများအား ဆက်လက်ထောက်ပံ့ရန်၊ ဇူလိုင် ၂၉၊ ၃၀ ရက်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည်ဖြစ်သဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ ထပ်မံရောက်ရှိမည့် ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် နယ်ပယ်အလိုက် ဦးစားပေးအဆင့်အတိုင်း အချိန်မီထိုးနှံနိုင်ရေး အစီအမံများရေးဆွဲတင်ပြရန်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

              

ခရိုင်(ပြန်/ဆက်)