ချင်မင်းဆက်ခေတ်က ပန်းချီအနုပညာ 

၂၆ ဇူလိုင် 

 

ချင်မင်းဆက် (၁၆၄၄-၁၉၁၂)က အနုပညာဖန်တီးမှုတစ်ခုဖြစ်တဲ့ အနံ့ရှူပုလင်းအသေးထဲမှာ ပန်းချီဆွဲခြင်းဟာ တရုတ်ရိုးရာ ပန်ချီတစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။ ပုလင်းအသေးထဲမှာ ပန်းချီအပြင် သတင်းစကားပါ ရေးသားလေ့ရှိပါတယ်။ အဲဒီလိုအနုပညာဖော်ထားတဲ့ ပုလင်းသေးကို "Ghost Painted Bottles" (တစ္ဆေဆေးချယ်ထားတဲ့ပုလင်း) လို့ တရုတ်နိုင်ငံမှာ ခေါ်လေ့ရှိပါတယ်။ 

 

ဘေဂျင်းအနုပညာကျောင်းက ပစ္စည်းတွေရဲ့ အတွင်းမှာ ပန်းချီဆွဲတဲ့ ပန်းချီဆရာ ကွမ်းဂူးက ဒီပန်းချီမှာ ဆရာတစ်ဆူဖြစ်လာဖို့ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူရကြောင်း၊ သိပ်ခဲခက်ကြောင်း၊ ပြောင်းပြန်တွေးပြီး ဆွဲရကြောင်း ဥပမာ ဦးခေါင်းပုံကို စာရွက်ပေါ်မှာ ဆွဲမယ်ဆိုရင် ပုံမှန်အားဖြင်း အပေါ်က အောက်ကို ဆွဲလေ့ရှိပေမယ့် ပစ္စည်းရဲ့ အတွင်းမှာ ဆွဲမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ထဲမှာ ပုံမှန်နည်းအတိုင်းတွေးပြီး ဆွဲရင် မေးစေ့ကနေ ခေါင်းကို ပြောင်းပြန်ပြန်ဆွဲရတယ်လို့ ရှင်းပြပါတယ်။ 

 

အခုခေတ်ကာလ မှာ ဒီအနုပညာ ဆက်လက်ရှင်သန်နိုင်ရန် ခေတ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ ပုံတွေကို ရေးဆွဲပြီး မိတ်ဆက်ပေးပါတယ်လို့ ဆိုပါတယ်။ 

 

ဟက်ဘီအနုပညာကျောင်းက  ပစ္စည်းတွေရဲ့ အတွင်းမှာ ပန်းချီဆွဲတဲ့ပန်းချီဆရာ ဒေါင်ဖန်းဝေကတော့ ရိုးရာပုံတွေနဲ့ ခေတ်မမီတော့တဲ့ ဒီဇိုင်းတွေသာ ဆက်ဆွဲနေရင် လူတွေ အဲဒီအနုပညာကို စိတ်ကုန်သွား နိုင်တယ်။ ဒီအကြောင်းအရာက မေးခွန်းထုတ်စရာဖြစ်နေတဲ့အတွက် ဆန်းသစ်တီထွင်ချင်တာလို့ ပြောပါတယ်။ 

 

ဒါပေမယ့် ဒီအနုပညာကို ဖန်းတီးနေတဲ့သူက နည်းပါးလာတဲ့အတွက် ပျောက်ဆုံးသွားဖို့ ရှိနေတယ်လို့ ပြောဆိုနေပါတယ်။ 

 

MDN
ကိုးကား - AFP