ခမ်းပါတ်မြို့တွင် သွေးလွန်တုပ်ကွေးလူနာ တွေ့ရှိသည့် ပတ်ဝန်းကျင်အား ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ နှင့် ဆေးမှုတ်ခြင်းများဆောင်ရွက်

ခမ်းပါတ်  ၁၅   ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ အမှတ်( ၂ )ရပ်ကွက်တွင်  သွေးလွန်တုပ်ကွေးလူနာ တွေ့ရှိသည့်အတွက် ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများနှင့် ဆေးမှုတ်ခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ခမ်းပါတ် အမှတ်(၂)ရပ်ကွက်မှာ သွေးလွန်တုပ်ကွေးလူနာတစ်ယောက်တွေ့လို့ ခမ်းပါတ် တိုက်နယ်ကျန်းမာရေးဝန်ထမ်းတွေနဲ့ တမူးခရိုင် ငှက်ဖျားအဖွဲ့ကနေပြီးတော့ သွေးလွန်တုပ်ကွေးပိုး တွေ့ရှိတဲ့ ပတ်ဝန်းကျင်ကို ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနဲ့ ခြင်ဆေးမှုတ်ခြင်းတွေကို ဆောင်ရွက်နေပါတယ်”ဟု ကျန်းမာရေးကြီးကြပ်(၁) ဦးကျင်ဒိတ်တွောင် က ပြေသည်။

 

ခမ်းပါတ်မြို့တွင် ၂၀၁၈ ခုနှစ်တွင် သွေးလွန်တုပ်ကွေးလူနာ (၃)ယောက်တွေ့ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားသူမရှိကြောင်းနှင့် လက်ရှိ ၂၀၂၀ ပြည့်နှစ်တွင် သွေးလွန်တုပ်ကွေးပိုးတွေ့လူနာ တစ်ယောက်ရှိကြောင်းလည်း သိရသည်။

 

သားငယ်(ပြန်/ဆက်)