ချမ်းမြသာစည်မြို့နယ်တွင် ဖုန်းအားသွင်းရာထားမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား ၁ ဦး သေ၊  ၁ ဦးဒဏ်ရာရ

နေပြည်တော်   ၂၉   ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်နေ မောင်မောင်လွင် (၅၂)နှစ် သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်က နေအိမ်၌ ဖုန်းအား သွင်းထားရာမှ အပူလွန်ကဲ၍ မီးကူးစက်လောင်ကျွမ်းခဲ့ရာ (၂၀) မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ ၂ ထပ် နေအိမ် မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်အပေါ်ထပ် တွင် အိပ်နေသော ၎င်း၏ တူဖြစ်သူ မျိုးသူအောင် (၂၂)နှစ် မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးကြောင်းနှင့် သားမက်ဖြစ်သူ တင်သိန်း (၄၂)နှစ် မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်မောင်လွင်အား အောင်ပင်လယ်နယ်မြေရဲစခန်းမှ  အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား