ချမ်းမြသာစည်မြို့နယ်တွင် ငွေ၊ ရွှေထည်ပစ္စည်းနှင့် ကျောက်များ စုစုပေါင်းတန်ဖိုး (၃၄၇၀ဝ၀ဝ)အား  နေအိမ်အတွင်း ဝင်ရောက်ခိုးယူသူကို ဖော်ထုတ်အရေးယူ

နေပြည်တော် ၂၇ ဇွန် 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်နေ ဦးကျော်ကျော်ထွန်းသည် ဇွန် ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲက ၎င်း၏ နေအိမ်အဝတ်ဘီရိုအတွင်းမှ မြန်မာငွေ စက္ကူရောရာ(၈) သိန်းကျပ်၊ မိုးကုတ်ပတ္တမြားအပြာရောင်ကျောက်ပါ ရွှေနားကပ် ၁ ရံ၊ အနီရောင် ကျောက်ပါ ရွှေနားကပ် ၁ ရံ၊ ရွှေအိုးလော့ကတ်သီး ၁ ခု၊ ရွှေဆွဲကြိုး ၁ ကုံး၊ ပလက်တီနမ်းရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်စိမ်းပါ ရွှေလက်စွပ် ၁ ကွင်း၊ စုစုပေါင်း တန်ဖိုးငွေ (၃၄၇၀ဝ၀ဝ)မှာ ပျောက်ဆုံးနေသဖြင့် စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်းချက်အရ အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၄၀၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်သည်။

ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် အမှုစစ်အဖွဲ့သည် အခင်းဖြစ်နေအိမ်၏ အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်း အားကြည့်ရှုခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ အမျိုးသားလူငယ် ၁ ဦးဖြစ်ပြီး လမ်း ၆၀ အတိုင်းမြောက်ဘက်သို့ ထွက်ခွာသွားကြောင်းသိရ၍ လိုက်လံဖမ်းဆီးခဲ့ရာ ၂၆×၆၀ လမ်းထောင့်တွင် ၎င်းလူငယ်အား  ဖမ်းဆီးရမိပြီး စစ်ဆေးရာ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ အောင်ထွေးဖြစ်ကြောင်း၊ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ ဦးကျော်ကျော် ထွန်းပျောက်ဆုံးသွားသော ငွေ၊ ရွှေထည်ပစ္စည်းများနှင့် ကျောက်များအား တွေ့ရှိခဲ့သဖြင့်  သက်သေခံပစ္စည်းများအား သိမ်းဆည်ဆောင်ရွက်ခဲ့ကြောင်း၊

တရားခံ အောင်ထွေး၏ ထွက်ဆိုချက်အရ ၎င်းသည် ဇွန် ၁၈ ရက်နေ့မှ ၂၂ ရက်အထိ လက်သမားအဖွဲ့နှင့်အတူ ဦးကျော်ကျော်ထွန်း၏ နေအိမ်အား သွပ်မိုးခြင်း၊ နေအိမ်ခြံစည်းရိုး ကာရံခြင်းများတွင် လိုက်ပါဆောင်ရွက်ခဲ့ကြောင်း၊ ဇွန် ၂၄ ရက် နံနက် ၉ နာရီတွင် အဆိုပါ နေအိမ်၌ လူမရှိသည့်အချိန် အိမ်အနောက်ဘက်ကာရံထားသည့် သွပ်ခြံစည်းရိုးအားဖြုတ်၍ နေအိမ်အတွင်းဝင် ရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိ၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရဲပြန်ကြား