ခမီတိုင်းရင်းသားစာပေ သင်ကြားရေးဆရာဖြစ် သင်တန်းဆင်းပွဲကျင်းပ

စစ်တွေ ၁  ဧပြီ

 

ရခိုင်ပြည်နယ်အတွင်းရှိ ခမီတိုင်းရင်းသားများ မိမိတို့၏ စာပေများကို တက်ကျွမ်းနား လည် လာစေရန် ၊ အချင်းချင်းစည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု ရှိလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော ခမီတိုင်းရင်းသားစာပေ သင်ကြားရေးဆရာဖြစ် သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက စစ်တွေမြို့ ခေမာမဏ္ဍိုင်ပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးလေသာကျော်   ပြည်နယ် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်း တို့က အဖွင့်အမှာစကားပြောကြားပြီး ခမီစာ ပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလေကျော်အောင် က ခမီတိုင်းရင်းသားစာပေ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ခမီတိုင်းရင်းသားအားလုံးတွင် တာဝန်ရှိကြောင်းပြောကြားသည်။ထို့နောက် မြိုတိုင်းရင်းသားပါတီမှ ဥက္ကဋ္ဌ ဦးဇနီဖြူက ခမီတိုင်းရင်းသားစာပေ ဆရာဖြစ်သင်ကြားဖွင့်လှစ်ပေးခြင်းကြောင်း ဂုဏ်ယူဝမ်းမြောက်မိကြောင်းပြောကြားသည်။ဆက်လက်ပြီး တာဝန်ရှိသူများမှ သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကြသည်။

 

အဆိုပါ သင်တန်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊မြောက်ဦး၊ပုဏ္ဏားကျွန်း နှင့် ဘူးသီး တောင်မြို့နယ်များမှ သင်တန်းသား သင်တန်းသူ ၆၀ ဦး ကို ခမီစာပေကျွမ်းကျင်ပညာရှင်များက သင်ကြား ပို့ချခဲ့ကြောင်း၊ သင်တန်းကာလတွင် ရက်သတ္တပါတ်နှစ်ပါတ် ရက်ကြားမြှင့်မည့်ခဲ့ကြောင်း၊ သင်တန်းပြီး ဆုံး၍ မိမိတို့ ဒေသများတွင် ဆင့်ပွားသင်တန်း သင်ကြား ပို့ချသွားရ မည်ဖြစ် ကြောင်းသိရသည်။

 

ရခိုင်ပြည်နယ်အတွင်း ခမီတိုင်းရင်းသား လူဦးရေ ၈၀ဝ၀ဝ ခန့်ရှိကာ ပြည်နယ်တွင်းရှိ မြို့နယ်များတွင် ပျံနှံနေ ထိုင်လျှက်ရှိပြီး အဓိက ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော် ၊ ဘူးသီးတောင်နှင့် အမ်းမြို့နယ် အများဆုံနေထိုင်ကြပြီး တောင်ယာလုပ်ငန်းများ၊ လယ်ယာ လုပ်ငန်းများ နှင့် ရေလုပ် ငန်းများကို လုပ်ကိုင်လျက်ရှိကြသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)