ချမ်းအေးသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ချမ်းအေးသာစံ   နိုဝင်ဘာ   ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေလင်းက ဦးဆောင်ပြီး သီရိဟေမာအနောက်ရပ်ကွက်တွင် နေထိုင်သူ ၅၂ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။

 

ပန်းခင်းစီမံချက်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အသက်(၁၈)နှစ်ပြည့်လာမည်သူနှင့် ၁၈ နှစ်ပြည့်ပြီးသူများအား ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ ရှေ့ပိုင်းမွေးဖွားသူများအား အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိပ်ထားနိုင်(ပြန်/ဆက်)