ခေါင်မိုးပေါ်က ကမ္ဘာ့အကြီးဆုံး greenhouse စိုက်ခင်း

၂၈ ဩဂုတ်

 

 

ကနေဒါနိုင်ငံ စိန့်လောရင့်မှာရှိတဲ့ မောင့်ရီရဲ အဆောက်အအုံ ခေါင်မိုးပေါ်မှာ စိုက်ထားတဲ့ greenhouse စိုက်ခင်းဟာ ဒေသတွင်းမှာ လိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ထောက်ပံ့ပေးနိုင်အောင် စိုက်ပျိုးနေတဲ့ ကမ္ဘာ့အကြီးဆုံး ခေါင်မိုးပေါ်က greenhouse စိုက်ခင်းဖြစ်ပါတယ်။

 

 

Greenhouse စိုက်ခင်း လုပ်ဆောင်တဲ့ လူဖာစိုက်ပျိုးရေး (Lufa Farms) က လူတွေဟာ ဘယ်နေရာမှာဘဲနေနေ အစားအစာကို စိုက်ပျိုးနိုင်ကြောင်းကို လက်တွေ့ပြတဲ့ အနေနဲ့ စတင်စိုက်ပျိုးပြတာ ဖြစ်ကြောင်း ပြောပါတယ်။

 

 

လူဖာ စိုက်ပျိုးရေးမှ ဟင်းသီးဟင်းရွက် အမျိုးပေါင်း ၁၀၀ နီးပါးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနေကြောင်း သိရပါတယ်။ Lufa Farms ရဲ့ စိုက်ခင်း ပမာဏဟာ ၁၆၀,၀၀၀ စတုရန်းပေ ရှိတဲ့အတွက် ဘောလုံးကွင်း သုံးကွင်းစာလောက် ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုစိုက်ခင်းဟာ Lufa Farms ရဲ့ စတုတ္ထမြောက် စိုက်ခင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်က စတင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ကုန်ကျကြောင်း သိရပါတယ်။

 

 

စိုက်ခင်းကနေ အမြတ်ငွေကို ၂၀၁၆ ခုနှစ်မှ စတင်ရရှိပြီး ၂၀၁၇ ခုနှစ်ကစပြီး ထွက်ရှိတဲ့ အသီးအနှံကို ဒေသတွင်း စူပါမားကတ်မှာ ရောင်းချနိုင်ခဲ့ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ပြန့်ပွားနေချိန်မှာ လူဖာစိုက်ခင်းမှ ရောင်းအားဟာ နှစ်ဆကျော် တက်သွားကြောင်း၊ စိုက်ခင်းမှာ ကပ်ရောဂါ မတိုင်ခင်က လူ ၂၀၀ ကျော်သာ အလုပ်လုပ်နေပေမယ့် အခုတော့ လူ ၅၀၀ လောက်ကို အလုပ်ပေးထားနိုင်ကြောင်း သိရပါတယ်။

 

 

MDN

 ကိုးကား- AFP