ချောင်းဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်

ချောင်းဦး   ဇူလိုင်         ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေ ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း  ဆောင်ရွက် ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့၊  မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့ လုံးဝ မထွက်ကြရန်နှင့် မဖြစ်နေထွက်ရပါကလည်း နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ အပြင်သို့ ထွက်ကြ ရန်၊ လူစုလူဝေးများ မပြုလုပ်ရန် ကန့်သတ်ချက်အား လိုက်နာဆောင်ရွက်ကြရန်၊ ပျက်ကွက်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန် ချက်များကိုလည်း  တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်များ၌  လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)