ချောင်းသာကမ်းခြေတွင် သီတင်းကျွတ်ပိတ်ရက်တွင် အပန်းဖြေဧည့်သည်များဖြင့် စည်ကား

ချောင်းသာ  ၁၃  အောက်တိုဘာ

 

သီတင်းကျွတ်ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များအတွင်း ချောင်းသာကမ်းခြေသို့ ဧည့်သည်များ အပန်းဖြေ လာရောက် လည်ပတ်ကြရာ ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ပိုမိုစည်ကား လျက်ရှိကြောင်း သိရသည်။

 

ချောင်းသာကမ်းခြေတစ်လျှေက်နှင့် မြို့တွင်းလမ်းမများပေါ်တွင် အပန်းဖြေ လာရောက်သော ဧည့်သည်များ များပြားလျက်ရှိကာ ဟိုတယ်များ၊ တယ်ခိုခန်းများ၊ စားသောက်ဆိုင်များတွင် ခါတိုင်းနှစ်များထက် ယခုနှစ် သီတင်းကျွတ် ရာသီတွင် ပြည်တွင်းခရီးသွားများ ပိုမိုများပြားသည်ကို တွေ့ရကြောင်း ဒေသခံပြည်သူများက ပြောသည်။

 

ကိုကိုမောင် ရွှေသောင်ယံ(ပြန်/ဆက်)