ချောင်းဆုံမြို့နယ်တွင် တောင်မြေပြိုကျမှုကြောင့် အမျိုးသား (၁)ဦးသေဆုံး

ချောင်းဆုံ ၂ မေ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒေါင်းဥကျေးရွာ ကွင်းအမှတ် (၆၅၄)N8 တွင် မေ ၁ ရက်နေ့ ညနေ ၆ နာရီ ခွဲခန့်က တောင်မြေပြိုကျမှုကြောင့် အသက် ၂၀ ခန့် အမျိုးသား (၁) ဦး မြေပိသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါသေဆုံးသူသည် ဒေါင်းဉကျေးရွာ ခွေးကလေးတောင်တွင် အိမ်မြေဖို့ရန်မြေကြီး လာရောက် တူးဖော်စဉ် မြေပြိုမှုကြောင့် သေဆုံးခဲ့ပြီး အသက်(၁၂)အရွယ်ကလေးငယ် (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့်  ထိခိုက်ဒဏ်ရာ ရှိသူအား အေမြကြည်လင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကညှော်တိုက်နယ်ဆေးရုံမှ တစ်ဆင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ပေးခဲ့ကြောင်း၊ သေဆုံးသူအား သေမှုသေခင်အမှတ်စဉ် (၆/၂၀)ဖြင့် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

ကေအေ(ချောင်းဆုံ)