ချောက်မြို့၌ အမျိုးသမီး လက်ကိုင်အိတ် ရက်လုပ်နည်း သင်တန်းဖွင့်

ချောက်   ၃၀ စက်တင်ဘာ

အမျိုးသမီး လက်ကိုင်အိတ်ရက်လုပ်နည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ချောက်မြို့ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းသို့ စိတ်ပါဝင်စားသူ အမျိုးသမီး (၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆရာမ ဒေါ်စန္ဒာလွင်မှ လက်ကိုင်အိတ် ရက်လုပ်နည်းများကို အခြေခံမှစတင်၍ အသေးစိတ် ရက်လုပ်ပြသခဲ့သည်။

အဆိုပါသင်တန်းကို အားလပ်သော အချိန်တွင် မိမိတတ်ထားသည့် ပညာဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချကာ မိသားစု တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ပြီး အပိုဝင်ငွေရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)