“ချစ်တေးဝေဆာ သီတင်းကျွတ်မင်္ဂလာ” တေးဂီတဖျော်ဖြေမှုကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် အောက်တိုဘာ ၆

 

“ချစ်တေးဝေဆာ သီတင်းကျွတ်မင်္ဂလာ” တေးဂီတဖျော်ဖြေမှု ပွဲစဉ် (၂) ကို အောက်တိုဘာ (၈) ရက် ည (၈) နာရီသတင်းအပြီးတွင်  မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၌  ထုတ်လွှင့် ပြသမည် ဖြစ်သည်။

 

ယင်းအစီအစဉ်ကို “စန္ဒရားကွန်းဇော် တေးဂီတအဖွဲ့”၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များ ဖြစ်ကြသည့် သန်းမြတ်စိုး၊ တက္ကသိုလ်လဲ့လဲ့၊ ရွှေယမင်းဦး၊ စန်းလွင် (ဒွါရာဝတီ)၊ ပန်းအိဖြူ၊ အိအိချွန်၊ ရဲထိုက်၊ ဝိုင်းလမင်းအောင်၊ ဘုန်းသစ်၊ ဝင်းလဲ့ချယ်ရီ၊ လင်းဝတီသင်းနှင့်  မြနန္ဒာ တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

အဆိုပါ တင်ဆက်မှုကို အောက်တိုဘာ (၁၀) ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်