ချစ်သူရှိနေကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဆိုဂျီဆပ်

၂၁  မေ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူဆိုဂျီဆပ်ဟာ လတ်တလောမှာတော့ ချစ်သူရှိနေပြီဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူကတော့ ရုပ်သံအစီအစဉ်တင်ဆက်သူ တစ်ဦးဖြစ်ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

မေ ၁၇ ရက်မှာတော့ ဒေသတွင်းမီဒီယာတစ်ခုက ဆိုဂျီဆပ်နဲ့ ချိုအွန်ဂျန်းတို့အတူ အလည်အပတ်ထွက်ခဲ့ပုံတွေကို ဖော်ပြခဲ့ပါတယ်။ ဒီဓာတ်ပုံတွေမှာတော့ ဆိုဂျီဆပ်က ချိုအွန်ဂျန်းအတွက် ကော်ဖီဝယ်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။

 

ဒီလိုသတင်းတွေ ပေါ်ထွက်လာခဲ့ပြီးနောက်မှာတော့ ဆိုဂျီဆပ်ရဲ့ အေဂျင်စီမှ သတင်းရင်းမြစ်တစ်ဦးက သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဆိုဂျီဆပ်ဟာ လက်ရှိမှာ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်ကာ ချိုအွန်ဂျန်းကတော့ ၂၅ နှစ်အရွယ်သာရှိသေးတာကြောင့် အသက်အရွယ်အားဖြင့် ၁၇ နှစ်ခန့် ကွာခြားပါတယ်။

 

သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ်အတွင်းက ဆိုဂျီဆပ်ရဲ့ရုပ်ရှင်သစ် “Be With You”အတွက် ပြုလုပ်ခဲ့တဲ့ရုပ်သံအစီအစဉ်မှာ စတင်သိကျွမ်းခဲ့ကြတာပါ။ နောက်ပိုင်းမှာလည်း ဆုံတွေ့ခဲ့ကြပြီး ခင်မင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ချစ်သူတွေဖြစ်ခဲ့ကြပြီး လက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ အတော်လေး လေးနက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်