ချစ်သူ FAN များကြောင့် ရောခ့်အန်ရိုးခရီးသွား ဖျော်ဖြေပွဲ လာမည်

ရန်ကုန် ဇန်နဝါရီ 

 

ရောခ့်ဂီတအဆိုတော် ဇော်ဝင်းထွဋ် င့် အင်ပါယာ ရော့ခ်အင်န်ရိုးလ်ခရီးသွားများ ဂီတဖျော်ဖြေပွဲကို ဇန်နဝါရီ ၂၀ ရက်တွင်  ရန်ကုန်မြို့ရ Rose Garden ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့ အင်ပါယာ Fan ကလပ်ကနေပြီးတော့ ကိုဇော်ဝင်းထွဋ် ပွဲတွေရိတိုင်း အကုန်လုံးချိန်းပြီး လူစုံပြီးသွားလေ့ရိပါတယ်။ အခုဒီပွဲလေးကတော့ ကျွန်တော်တို့အားလုံးက ကိုဇော်ဝင်းထွဋ်ရဲ့ တကိုယ်တော်ရိူးပွဲကို ကြည့်ချင်ကြတယ်။ အဲဒါနဲ့ ပွဲလေးကို စီစဉ်ဖြစ်တာပါ။ လက်မတ်ကိုတော့ ပထမဆုံး အင်ပါယာ fan ဖေ့ဘုတ်ထဲမ ဝယ်ယူလို့ရအောင် စီစဉ်ထားပါတယ်။

 

နယ်ကလူတေ ြအဆင်ပြေအောင်လို့ပါ အစ်ကိုတစ်ယောက်ထဲဆိုတာကို နားထောင်ချင်ကြတာရယ်၊ ပြီးတော့ Fan တွေဆုံချင်တာလဲပါပါတယ် အွန်လိုင်းပေါ်မာရိတဲ့ ကိုဇော်ဝင်းထွဋ်ရဲ့ ပရိသတ်တွေ တွေ့ဆုံကြတဲ့ပွဲပါပဲ၊ သူတို့တွေကလဲ တောင်းဆိုထားတာတွေရိပါတယ်၊  ဇော်ဝင်းထွဋ် ရဲ့ One Man Show ကြည့်ချင်တယ်၊ ေ့ကဆိုခဲ့တဲ့ သီချင်းတွေရော၊ နောက်ထပ်ထွက်ခဲ့တဲ့ သီချင်းတွေကို ပြန်နားထောင်ချင်ကြတယ်ဆိုလို့ လုပ်ဖြစ်တာပါ အစ်ကိုကတော့ ထုံစံအတိုင်း သီချင်းတွေ ဆိုတဲ့အခါမ အားရပါးရ သီဆိုတတ်သူဖြစ်တာမို့ ပွဲချိန်က သတ်မတ်ထားတဲ့ အချိန်ထက် ကျော်လဲကျော်သွားနိုင်မာပေါ့နော်၊ အပုဒ် (၃၀) ဆိုမယ်ပြောပေမယ့် တစ်ခါတစ်လေ ဒီထက်ပိုသွားနိုင်ပါတယ် ၊အခုပွဲမာလဲ အပုဒ် (၄၀) လောက်ဆိုမယ်လို့ပြောပေမယ့် (၆၀) လောက်ဖြစ်ရင် မနက် (/) နာရီလောက်အထိ ပွဲကဖြစ်သွားနိုင်ပါတယ်၊ သီချင်းတွေဆိုတဲ့အခါမာလည်း အစ်ကိုက နောက်ဆုံးထွက်ထားတဲ့ အခွေထဲက သီချင်းတွေလဲ ဆိုမယ်လို့ပြောတယ်၊ ဒီပွဲကို "ရော့ခ်အန်ရိုးခရီးသွား" လို့ပေးဖြစ်တာကလဲ  အခုထွက်ခဲ့တဲ့ Journey 1 အခွေထွက်ထားတာဆိုတော့ အဲ့အဓိပ္ပါယ်လေးကို သဘောကြလို့ ပေးဖြစ်တာပါ ´ဟု ပွဲစီစဉ်သူတစ်ဦးက ပြောကြားသည်။

 

ကိုလင်း