ခွဲမွေးခြင်းနဲ့ ကလေးသူငယ် အမျိုးအစား ၁ ဆီးချိုနဲ့ ဘာကြောင့် ဆက်စပ်မှုရှိတာလဲ

ရေးသားသူ Kyaw Thura Htun

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

လေ့လာမှုတွေအရ ဆီးချို  type 1 ဖြစ်ပွားနှုန်းမြင့်လာတာနဲ့ သက်ဆိုင်တဲ့ အချက်တွေရှိတာတွေ့ရပါတယ်။ ဗိုက်ခွဲကလေးမွေးတာကလည် အကြောင်းအရင်းတစ်ခုပါဘဲ။ ဒါပေမယ့် ဗိုက်ခွဲကလေးမွေးတာက ကလေးရော မိခင်ရော အသက်ကိုကယ်ဖို့အတွက် မကြာခဏလုပ်ရပါတယ်။

 

ဆီးချို type 1 ဆိုတာဘာလဲ ?

ဆီးချို type 1 က ဘဝရဲ့အစောပိုင်းတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကလေးတွေနဲ့ လူငယ်တွေမှာ တွေ့ရများတာပါ။ ၅ ရာခိုင်နှုန်းသောလူတွေက ဒီဆီးချိုကို ခံစားနေရပါတယ်။

 

လူတွေမှာ ဆီးချို Type 1 ရှိတဲ့အခါ glucose တွေကိုချေဖျက်ဖို့ အင်ဆူလင်မထုတ်နိုင်တော့ပါဘူး။ ဒါကြောင့် သူတို့သွေးထဲမှာ သကြားဓာတ်တွေပိုလာပြီး သွေးချိုလာပါလိမ့်မယ်။ မကုသဘဲထားတဲ့ ဆီးချို type 1 က ဘေးဖြစ်နိုင်တဲ့ ရှုပ်ထွေးမုတွေဖြစ်လာနိုင်ပြီး သေဆုံးတဲ့ထိဖြစ်နိုင်ပါတယ်။

 

ကလေးခွဲမွေးခြင်းကိုဘယ်လိုလုပ်ဆောင်လဲ ?

ကလေးခွဲမွေးတဲ့အခါ သင့်ကိုနာကျင်မှုသက်သာစေဖို့ ထုံဆေးသို့မဟုတ် မေ့ဆေးပေးပါလိမ့်မယ်။ ထုံဆေးကို သင့်ခါးနောက်အောက်ပိုင်းကနေ ထိုးပါလိမ့်မယ်။ ထုံဆေးအစွမ်းပြပြီဆိုရင် ဆရာဝန်က ခွဲမွေးဖို့အတွက် ဗိုက်အောက်ပိုင်းနဲ့ သားအိမ်မှာ ခွဲရာလေးကို ခွဲစိတ်ခန်းသုံးဓားနဲ့လုပ်ပါလိမ့်မယ်။

 

သင်မနာကျင်ပေမယ့် လှုပ်ရှားနေတာတော့သိပါလိမ့်မယ်။ ကလေးကိုထုတ်ပြီးတာနဲ့ ဆရာဝန်က အချင်းကိုထုတ်ပြီး ခွဲရာတွေကိုပြန်ချုပ်ပါမယ်။ ဒီနည်းလမ်းက ကလေးကိုသင့်မိန်းမကိုယ်ဆီကမမွေးစေတော့ပါဘူး။

 

ကလေးခွဲမွေးခြင်းနဲ့ ဆီးချို Type 1

ကလေးတွေမွေးလာတဲ့အခါ သူတို့အရေပြားမှာ ဘက်တီးရီးယားတွေပါလာပါတယ်။ ကလေးအရေပြားပေါ်မှာရှိတဲ့  မိန်းမကိုယ်က ဘက်တီးယားတွေက ကလေးကို ကိုယ်ခံစနစ်ဖွ့ဖြိုးစေဖို့ကူညီပါတယ်။ ကလေးမွေးတဲ့နည်းလမ်းတွေအပေါ်မှာမူတည်ပြီး ကလေးတွေအရေပြားပေါ်က ဘက်တီးရီးယားတွေက မတူနိုင်ပါဘူး။

 

ရိုးရိုးမွေးတဲ့ကလေးတွေ အရေပြားပေါ်က ဘက်တီးရီးယားက မိခင်ရဲ့ မိန်းမကိုယ်ထဲက ဘက်တီးရီးယားတွေနဲ့တူတူပါဘဲ။ ဒါကြောင့် ခွဲမွေးတဲ့အခါ ကလေးငယ်ရဲ့အရေပြားမှာ ခုခံကာကွယ်ပေးတဲ့ မိန်းမကိုယ် ဘက်တီးရီးယားတွေ မရှိပါဘူး။  ဒါကြောင့် သူတို့အရေပြားမှာ type1 ဆီးချိုဖြစ်စေတဲ့ ပန်ကရိယ beta ဆဲလ်တွေကို ချေဖျက်မယ့်ခုခံစနစ် မပါလာပါဘူး။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"