ချာလီဝက်ထ်မပါတဲ့ Rolling Stone ရဲ့ ပထမဆုံးနယ်လှည့်ဖျော်ဖြေပွဲ ကျင်းပ

ကျော်ကြားတဲ့ ဗြိတိန် တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Rolling Stoneဟာ စက်တင်ဘာ ၂၆ ရက်က အမေရိကန်မှာ တေးဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ပါတယ်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲမှာ အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ချာလီဝက်ထဲ မပါဝင်ခဲ့ပါဘူး။ ဒါဟာ ဒရမ်တီးသူ ချာလီဝက်ထ်မပါဝင်ဘဲ ပြုလုပ်ခဲ့တဲ့ ပထမဆုံး ဖျော်ဖြေပွဲလည်းဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အဆိုပါဖျော်ဖြေပွဲမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ချာလီဝက်ထ်ရဲ့ အမှတ်တရဗီဒီယိုကိုလည်း ပြသခဲ့ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့အတူ သူတစ်ဦးတည်း ဒရမ်တီးကာ သီချင်းတစ်ပုဒ်လုံး ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုကိုလည်း ထည့်သွင်းပြသခဲ့တယ်လို့သိရပါတယ်။

ယင်းဖျော်ဖြေပွဲမှာ ချာလီဝက်ထ်မပါဝင်ဘဲ ပြုလုပ်ခဲ့ရတာနဲ့ပတ်သက်ပြီး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျက်ဂါ က ရစ်ချက်ရဲ့လက်ကို တွဲထားရင်းက သူ့ရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။ ဂျက်ဂါက “ကျွန်တော့်အနေနဲ့ ချာလီရဲ့ ပုံရိပ်တွေကို စခရင်ပေါ်ကနေတစ်ဆင့် တွေ့မြင်ရတာ စိတ်ထဲမှာ အတော်လေးခံစားရပါတယ်။ ဒါဟာ ချာလီဝက်ထ်မပါဘဲ ပြုလုပ်ခဲ့ရတဲ့ ပထမဆုံးဖျော်ဖြေပွဲပါ”လို့ဆိုပါတယ်။ ဒါ့အပြင် ဂျက်ကာက ချာလီအတွက် အမှတ်တရရှိပေးကြတဲ့ပရိသတ်တွေကိုကျေးဇူးတင်ကြောင်းနဲ့ သူ့အနေနဲ့ ချာလီကို စင်ပေါ်မှာသာမက နေ့စဉ်ဘဝမှာပါ သတိတရရှိသွားမှာဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တယ် လို့ သိရပါတယ်။

ဒါပေမဲ့ အဆိုပါ ဖျော်ဖြေပွဲမှာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ ချာလီဝက်ထ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် Rolling Stone ရဲ့ လိုဂိုမှာ အနက်ရောင်ပြောင်းလဲထားတဲ့ အစိတ်အပိုင်း ပါဝင်ခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

အေးပြည့်