ကျေးသီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များပြသထားရှိ

ကျေးသီး  ၅   ဧပြီ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်  ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များလာရောက် ငှားရမ်း ဖတ်ရှုလေ့လာသူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများ သိရှိလိုက်နာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ နှိုးဆော်ချက်များပါဝင်သည့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့၌ ပြသထားရှိရာ ဒေသခံ ပြည်သူများ လာရောက်လေ့လာလျက်ရှိကြောင်း သိရသည်။

 

နန်းမွမ်းဆိုင်(ပြန်/ဆက်)