ကျေးရွာနေပြည်သူများအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းစဉ်များအကြောင်း မိတ်ဆက်အသိပညာပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ကျေးရွာနေပြည်သူများနှင့် မိတ်ဆက် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၄ ရက်မွန်းလွဲ ၁ နာရီက သပြေစမ်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရန်နိုင်ရွှေမှ နိုင်ငံတော် အစိုးရအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်ပေးလျက်ရှိရာတွင် စီမံကိန်းများချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ ဒေသဖွံ့ရေးလုပ်ငန်များ အောင်မြင်စေရန်အတွက် ကျေးရွာပြည်သူများမှ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင် ကူညီပေးစေလိုကြောင်း ပြောကြားခဲ့သည်။ 

ယင်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူသူစံက သပြေစမ်းကျေးရွာနှင့် အောင်သီရိကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးအဖွဲ့များ ဖွဲ့စည်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား သင်တန်းပို့ချကာ ဒေသဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာနေပြည်သူများမှ သိရှိလိုသည်များကိုမေးမြန်းရာ ဦးစီးအရာရှိ ဦးရန်နိုင်ရွှေ နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)