ကျေးလက်တေးသီချင်း အဆိုပြိုင်ပွဲကျင်းပမည်

ရန်ကုန် ၂၅ နိုဝင်ဘာ

 

တောင်သူလယ်သမားများကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ ကြီးမှူး၍ မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲ (MIAME) ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ (၂၉) ရက်မှ မတ် (၂) ရက်နေ့ထိ သာကေတမြို့နယ် မင်းနန္ဒာလမ်း Fortune Plaza ရှိ Myanmar Expo Hall တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲကြီးနှင့်အတူ ကျေးလက်တောသဘာဝဓလေ့ကို ဖော်ညွှန်းသော မြန်မာသံစဉ် ကျေးလက်တေးသီချင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပမည် ဖြစ်သည်။

 

ပြိုင်ပွဲတွင် အမျိုးသား အမျိုးသမီး အရွယ်သုံးပါးမရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည် ပြိုင်ပွဲဝင်များကို ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများနှင့် ထိုက်တန်သော ဂုဏ်ပြုမှုများကို ပေးအပ်သွားမည် ဖြစ်သည်။ ပြိုင်ပွဲဝင်လျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထား ပေးပို့ရမည်။ ယှဉ်ပြိုင်သီဆိုရမည့် ကျေးလက်တေးသီချင်းအမည်နှင့် အသေးစိတ် အချက်အလက်များကို လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ UMFCCI အဆောက်အဦရှိ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖုန်း ( ဝ၁-၂၃၁၄၈၄၁ ) ( ဝ၉-၅၁၈၅၇၈၃ ) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

 

အောင်သူရ